vivo Y28s 5G ရဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတည်းက စတင် ထွက်ပေါ်နေပြီး အခုတော့ တရားဝင်ကြေညာလိုက်ပါပြီ။ အဲဒီဖုန်းမှာ 6.56” HD+ 90Hz LCD Display တပ်ဆင်ထားပြီး 840 Nits Brightness ထောက်ပံ့ထားပါတယ်။

vivo Y28s 5G goes official: Dimensity 6300, 50MP camera, and 5,000 mAh battery

Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main နဲ့ 2MP ကင်မရာ ၂ လုံး ပါပါတယ်။ vivo က 2MP ကင်မရာဟာ Depth လား၊ Macro လားဆိုတာ မပြောပါဘူး။

vivo Y28s 5G goes official: Dimensity 6300, 50MP camera, and 5,000 mAh battery

vivo Y28s 5G မှာ Dimensity 6300 SoC မောင်းနှင်ထားပြီး Android 14 အခြေပြု Funtouch OS 14 ပါပါတယ်။ 8GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။

15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ၊ IP64 ရေစိုခံစံနှုန်းနဲ့ NFC ထည့်သွင်းထားပါတယ်။ NFC Version ကိုတော့ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ ထိုင်ဝမ်နဲ့ ဥရောပမှာပဲ ရောင်းချမှာပါ။

vivo Y28s 5G အတွက် Mocha Brown နဲ့ Twinkling Purple အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena