Vivo Y30 5G ကို ထိုင်းမှာ ကြေညာလိုက်ပြီး တန်ဖိုးနည်း 5G စမတ်ဖုန်း ဖြစ်ပါတယ်။ Vivo Y30 5G မှာ ၆.၅၁ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး HD+ Resolution ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch ပါလာပြီး မျက်နှာပြင်အောက်ခြေက ဘောင်က ထူပါတယ်။ ကုမ္ပဏီက Screen-to-body Ratio ဟာ ၈၉ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။ ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Face Unlock ကိုလည်း သုံးနိုင်ပါတယ်။
Dimensity 700 Chipset မောင်းနှင်ထားပြီး 6GB RAM , 2GB Extended RAM , 128GB Storage နဲ့ microSD Card Slot တွေ ပါပါတယ်။ Android 12 အခြေပြု FunTouch OS 12 UI မောင်းနှင်ထားပြီး 10W Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။
Vivo Y30 5G မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ dual SIM , 5G, WiFi 802.11ac, Bluetooth 5.1 , USB-C Port နဲ့ နားကြပ်ပေါက်တွေ ထည့်သွင်းထားပြီး အထူက ၈.၂၅ မီလီမီတာနဲ့ အလေးချိန်က ၁၉၃ ဂရမ် ရှိပါတယ်။
Vivo Y30 5G ဟာ တရုတ်မှာ ရောင်းချထားတဲ့ iQOO U5e ကို နာမည်ပြောင်းထားတာ ဖြစ်ပြီး ၁ ခုထဲသော ကွာခြားချက်က U5e မှာ 18W Charging ပါပါတယ်။
Vivo Y30 5G ကို ထိုင်းမှာ ဘတ် ၈,၆၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၄၃၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ Starlight Black နဲ့ Rainbow Fantasy ၂ ရောင် ထုတ်လုပ်ထားပါတယ်။
Ref : gizmochina