vivo က Y300 Series ရဲ့ ဖုန်း အသစ် တစ်လုံးကို ကြေညာလိုက်ပြီး Y300 GT လို့ နာမည်ပေးထားပါတယ်။ တရုတ်မှာ မိတ်ဆက်လိုက်တာ ဖြစ်ပြီး မကြာခင်က ကြေညာထားတဲ့ iQOO Z10 Turbo နဲ့ Specs တွေ တော်တော်တူညီပါတယ်။
Y300 GT မှာ 6.78” AMOLED FHD+ 144Hz Display တပ်ထားပြီး 5,500 Nits Peak Brightness ပါပါတယ်။ 16MP အရှေ့ကင်မရာ တပ်ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။
အဲဒီဖုန်းမှာ MediaTek Dimensity 8400 Chipset ပါလာပြီး 8/12GB RAM နဲ့ 512GB Storage အထိ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ တပ်ထားပါတယ်။
Android 15 အခြေပြု OriginOS 15 မောင်းနှင်ထားပြီး 90W Wired Charging ပါတဲ့ ကြီးမားတဲ့ 7,620mAh Battery ထည့်ထားပါတယ်။
vivo Y300 GT အတွက် Desert Gold နဲ့ Black အရောင်ထုတ်လုပ်ထားပါတယ်။ 8/256GB Version ကို ၁,၉၉၉ ယွမ် (၂၇၇ ဒေါ်လာ) နဲ့ 12/512GB Version ကို ၂,၄၉၉ ယွမ် (၃၄၆ ဒေါ်လာ) သတ်မှတ်ထားပါတယ်။
Ref : Gsmarena