Vivo ဟာ လာမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ Vivo X60 စီးရီး Flagships တွေကို တရုတ်ပြည်တွင်းဈေးကွက်ထဲ မိတ်ဆက်ဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ Vivo Y31 အမည်ရှိ ဘတ်ဂျက်စမတ်ဖုန်းကို အခြားဈေးကွက်တွေမှာ ပွဲထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Vivo Y31 ကို မကြာသေးခင်ကပဲ Certification ထုတ်ပေးတဲ့အဖွဲ့အစည်းအတော်များများဆီမှာ တွေ့မြင်ခဲ့ရပါတယ်။ အခုကတော့ Google Play Console မှာ တွေ့မြင်ရတာဖြစ်ပြီး ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အဓိအချက်အလက်အချို့နဲ့ အရှေ့ဘက်ဒီဇိုင်းကိုပါ သိရှိလာရတာ ဖြစ်ပါတယ်။ Vivo Y31 ရဲ့ မော်ဒယ်နံပါတ်ဟာ V2036 ဖြစ်တာကိုလည်း တွေ့ရပါတယ်။

Google Play Console listing အရ Y31 ဟာ Android 11 မောင်းနှင်ထားမှာဖြစ်ပါတယ်။ ဒီ နောက်ဆုံးပေါ် Android ဗားရှင်းက ဒီဟန်းဆက်အတွက် အဓိကခြားနားမှုလို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ ဒီ Segment ထဲကဟန်းဆက်အများစုဟာ အခုအချိန်အထိ Android 10 ပဲ မောင်းနှင်ထားတာကြောင့် ဖြစ်ပါတယ်။ ကျန်တဲ့ Specification တွေကတော့ ပါးစပ်အဟောင်းသားဖြစ်စရာ မရှိပါဘူး။

Qualcomm ရဲ့ Snapdragon 662 ဟာ အခုအချိန်မှာ ဘုံသုံးလိုဖြစ်နေတာပါ။ အသစ်ထုတ်လုပ်ထားတဲ့ Redmi 9 Power လည်း အလားတူ Chip ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။Y31 မှာတော့ 4GB of RAM ထည့်သွင်းပေးထားပြီး Waterdrop ပါဝင်တဲ့ FHD+ (1080 x 2408 pixel) မျက်နှာပြင်ဖြစ်တယ်လို့ သိရပါတယ်။ Panel အမျိုးအစားကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး။

အခုဖော်ပြထားတဲ့ အချက်အလက်တွေအပြင် Vivo Y31 နဲ့ပတ်သက်ပြီး ထပ်သိထားတာမျိုး မရှိသေးပါဘူး။ ဒီဟန်းဆက်ကို အိန္ဒိယရဲ့ BIS, ထိုင်းနိုင်ငံရဲ့ NBTC, စင်္ကာပူရဲ့ IMDA နဲ့ ရုရှားရဲ့ EEC တို့ကတော့ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးပြီးဖြစ်တာကြောင့်၊ ဒီဈေးကွက်တွေမှာ ရောင်းချမှာကတော့ သေချာနေပြီ ဖြစ်ပါတယ်။

Ref: Gizmochina