Vivo က စွမ်းရည်သင့် စမတ်ဖုန်း အသစ်တွေကို ဖန်တီးနေတဲ့ သတင်းများစွာ ထွက်နေပါတယ်။ အခုနောက်ဆုံး သတင်းထွက်လာတာက Vivo Y31s 5G ဖြစ်ပြီး တရုတ် Telecom Website မှာ အဲဒီ စမတ်ဖုန်းရဲ့ Specs နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ Vivo Y52s 5G ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ပြီး Chipset နဲ့ ပင်မ ကင်မရာတွေကို လျှော့ထားပါတယ်။

vivo Y31s listed at China Telecom

Vivo Y31s 5G မှာ Snapdragon 690 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 6/128GB Version ၁ မျိုးပဲ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၅၈ လက်မ ဖြစ်ပြီး Y52s ရဲ့ LCD မျက်နှာပြင်လိုမျိုး ဖြစ်နိုင်ပါတယ်။

Vivo Y31s ရဲ့ အနောက်ဘက်မှာ Y52s ရဲ့ 48MP ကင်မရာကို ပိုအားနည်းတဲ့ 13MP ကင်မရာနဲ့ အစားထိုးထားပြီး  2MP အပို ကင်မရာ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။

Vivo Y31s 5G မှာ အရွယ်ကြီး 5,000mAh ဘက်ထရီနဲ့ 18W Fast Charging ပါလာမှာ ဖြစ်ပြီး USB-C Port ကနေ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ နားကြပ်ပေါက် တပ်ဆင်ထားပြီး ဒီလ ၃၁ ရက်နေ့မှာ ၁,၇၉၈ ယွမ်နဲ့ ရောင်းချနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၃ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena