vivo ဟာ Premium Crystal Glass နဲ့ ပြုလုပ်ထားပြီး 44W FlashCharge, 5000 mAh Battery, 8 GB + 8 GB Extended RAM နှင့် 50 MP HD Main Camera တွေကို ထောက်ပံ့ထားတဲ့ Y36 ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
vivo Y36 ဟာ အမြင်လှပတဲ့ ဒီဇိုင်းလက်ရာအပြင် ပရော်ဖက်ရှင်နယ်ဆန်တဲ့ စွမ်းဆောင်ရည်ကို ကိုယ်စားပြုပြီး၊ စမတ်ဖုန်းရွေးချယ်ရာမှာ အဆိုပါအချက်နှစ်ခုလုံးကို ဦးစားပေးသူတွေအတွက် ထည့်သွင်းစဉ်းစားစရာလည်း ဖြစ်ပါလိမ့်မယ်။
Y36 ရဲ့ ကျောဘက်ဟာ Golden Ripple Process လို့ ခေါ်တဲ့ ရွှေရောင်လှိုင်းတွန့်သဏ္ဍန် မှန်နဲ့ ပြုလုပ်ထားတာကြောင့် မျက်စိ ပသာဒဖြစ်စရာအလှနဲ့ ဆွဲဆောင်နိုင်တာလည်း တွေ့ရပါတယ်။ 2.5D Flat Frame နဲ့ ချောမွတ်တဲ့မျက်နှာပြင်နဲ့ကိုယ်ထည်က ထူးခြားပေါ်လွင်တဲ့ ဒီဇိုင်းအမြင်ကို ဖြစ်ပေါ်စေပြီး Y36 ၏ Fantasy Frame ကလည်း လူငယ်ဆန်ပြီး ထူးခြားတဲ့ အသွင်ကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။
Qualcomm Snapdragon 680 Mobile Platform ကြောင့် Y36 ရဲ့စွမ်းဆောင်ရည်ဟာ မျှော်လင့်ထားတာထက် ပိုကောင်းနေမဲ့အပြင် 8 GB + 8 GB Extended RAM နေ့စဉ်သုံးပဲဖြစ်ဖြစ်၊ ဂိမ်းဆော့တာပဲဖြစ်ဖြစ် လျင်မြန်ချောမွေ့တဲ့ သုံးစွဲမှုအတွေ့အကြုံကို ပံ့ပိုးပေးပါလိမ့်မယ်။ 44W FlashCharge နည်းပညာပါဝင်ပြီး 5000 mAh high-capacity ဘက်ထရီလည်း ပါရှိတာကြောင့် မကြာခဏ အားသွင်းရတာမျိုးကို မေ့ထားနိုင်ပါလိမ့်မယ်။
vivo ရဲ့အစဉ်အလာအတိုင်း 50MP HD Main Camera က ပုံများရိုက်ကူးရာမှာ ကြည်လင်ပြတ်သားတဲ့ အရည်အသွေး၊ လှပရွှန်းစိုတဲ့ အရောင်အသွေးတွေနဲ့ ရိုက်ကူးနိုင်ပါလိမ့်မယ်။ 2MP Bokeh Camera ကတော့အလှပုံတွေရိုက်ကူးရာမှာ depth-of-field effects ကို အကောင်းဆုံး ဖြည့်စွက်ပေးပါလိမ့်မယ်။
selfie ရိုက်ကူးရာမှာလည်း Y36 ရဲ့ 16 MP HD Front Portrait Camera က Crystal လိုကြည်လင်တဲ့ Self-portraits တွေကိုရရှိစေနိုင်တဲ့အပြင် Double Exposure feature ကလည်း ဓာတ်ပုံတွေကို အနုပညာဆန်သည့်လက်ရာတွေအဖြစ် ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
vivo Myanmar ရဲ့ CEO ဖြစ်တဲ့ Mr. Nelson Ni က “ကျွန်တော်တို့ vivo ရဲ့ Y series က နည်းပညာပိုင်းဆိုင်ရာထူးခြားမှုတွေကို မဆုတ်မနစ်လုပ်ဆောင်နေပြီး တစ်ချိန်တည်းမှာပဲ ထူးခြားဆွဲဆောင်မှု ရှိတဲ့ဒီဇိုင်းတွေကိုလည်း အသုံးပြုသူတွေနဲ့ပိုမိုနီးစပ်အောင်ဖန်တီးလျက်ရှိပါတယ်။ အသစ်ထွက်ရှိလာတဲ့ Y36 မှာဆိုရင် မျက်စိပသာဒဖြစ်ဖွယ်ဒီဇိုင်းနဲ့ ထူးခြားတဲ့ စွမ်းရည်တွေကိုပါရရှိနိုင်အောင်ဖန်တီးထားပြီး အသုံးပြု သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေအပေါ် ဦးစားပေးဖန်တီးထားပြီး ယုံကြည်မှုအပြည့်နဲ့ နည်းပညာ လောကထဲ ရောက်လာတာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
vivo Y36 ကို စျေးနှုန်းအားဖြင့် မြန်မာကျပ်ငွေ ၆၆၉,၈၀၀ ကျပ် နဲ့ pre-order စတင်မှာယူနိုင်ပြီဖြစ်ပြီး preorder gift အဖြစ် vivo travel bag တစ်လုံး၊ vivo Y36 T-shirt တို့ကို မှာယူသူတိုင်းအား လက်ဆောင် ပြန်လည် ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Source: vivo