vivo က တရုတ်မှာ Y300 Pro နဲ့အတူ vivo Y37 Pro ကို ကြေညာလိုက်ပါတယ်။ vivo Y37 Pro မှာ Snapdragon 4 Gen 2 SoC မောင်းနှင်ထားပြီး 8GB RAM ၊ 256GB Storage နဲ့ OriginOS 4 ထည့်သွင်းထားပါတယ်။

vivo Y37 Pro unveiled with Snapdragon 4 Gen 2, 120Hz screen, and 6,000 mAh battery

vivo Y37 Pro မှာ 6.68” 120Hz HD LCD Display တပ်ဆင်ထားပြီး 1,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ 44W  Charging ထောက်ပံ့တဲ့ ကြီးမားတဲ့ 6,000mAh Battery ပါပါတယ်။ အနောက်ဘက်မှာ 50MP Main , 2MP Depth နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။

Vivo has revealed a new budget Y-series smartphone

vivo Y37 Pro မှာ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး စတီရီယို စပီကာတွေ ပါလာပါတယ်။ IP64 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး အရောင် ၃ ရောင် ထုတ်လုပ်ပေးထားပါတယ်။ ၂၅၅ ဒေါ်လာ သတ်မှတ်ထားပြီး တရုတ်မှာ vivo ရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ ရောင်းချမှာ ဖြစ်ပါတယ်။

vivo Y37 Pro ဟာ တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပြီး တန်ဖိုးနည်း စမတ်ဖုန်း ကိုင်ချင်သူတွေအတွက် ရွေးချယ်စရာ တစ်ခု ဖြစ်ပါတယ်။

Ref : gsmarena