vivo က တရုတ်မှာ Y37 နဲ့ Y37m ကို ကြေညာလိုက်ပြီး ဈေးနှုန်း ချိုသာပါတယ်။ အဲဒီဖုန်း ၂ လုံးဟာ အဓိက Specs တွေ တူညီကြပြီး 6.56” Display တပ်ဆင်ထားပါတယ်။ 1612x720p Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Vivo Y37

ဖုန်း ၂ လုံးစလုံးမှာ Dimensity 6300 Processor မောင်းနှင်ထားပြီး Octa-core CPU ပါပါတယ်။ 4GB, 6GB နဲ့ 8GB RAM ထည့်သွင်းထားပြီး 128GB, 256GB Storage ပါပါတယ်။ Y37 အတွက် 12GB RAM Version လည်း ထုတ်လုပ်ထားပါတယ်။

Vivo Y37 And Y37m, Featuring A 13MP Camera And A Dimensity 6300, Launched  in China For 999 Yuan ($138) - US Times Now

ဖုန်း ၂ လုံးစလုံးမှာ 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery နဲ့ Android 14 အခြေပြု OriginOS 14 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 13MP ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ 5G နဲ့ 4G ကွန်ရက် ထောက်ပံ့ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ၊ USB Type-C နဲ့ နားကြပ်ပေါက် ပါပါတယ်။

ဈေးနှုန်း

Vivo Y37

  • 4GB+128GB: 1,199 yuan (~$165)
  • 6GB+128GB: 1,499 yuan (~$206)
  • 8GB+128GB: 1,799 yuan (~$248)
  • 8GB+256GB: 1,999 yuan (~$275)
  • 12GB+256GB: 2,099 yuan (~$289)

 

Vivo Y37m

  • 4GB+128GB: 999 yuan (~$138)
  • 6GB+128GB: 1,499 yuan (~$206)
  • 8GB+256GB: 1,999 yuan (~$275)

Ref : gizmochina