အဆိုပါ စမတ်ဖုန်းအား မြန်မာနိုင်ငံတွင် ၃၄၉,၈၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး စတိုင်ကျလှပသည့် အရောင် ၂ရောင်ကို ဇန်နဝါရီ (၂၃) ရက်နေ့တွင် စတင် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် vivo သည် ယနေ့တွင် ၎င်း၏ နောက်ဆုံးထွက် mid-range စမတ်ဖုန်းဖြစ်သော Y51 အား မြန်မာနိုင်ငံတွင် ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ လူငယ်ပိုင်းအတွက် အဓိကထား ထုတ်လုပ်သည့် အဆိုပါ Y series စမတ်ဖုန်းတွင် များစွာသော app များကို တစ်ပြိုက်နက်တည်း ချောမွေ့မြန်ဆန်စွာ အသုံးပြုနိုင်စေရန် 8GB RAM + 128 GB ROM ပါဝင်လာမည်ဖြစ်သည်။ AI နည်းပညာပါ ကင်မရာ ၃ ခု ကိုတွဲဖက်တပ်ဆင်ထားပြီး၊ 48 MP ရှိ အဓိက ကင်မရာ၏ အစွမ်းကြောင့် Super Night ကင်မရာ လုပ်ဆောင်ချက်အပြင် စုံလင်လှသော ဓာတ်ပုံရိုက်ကူးမှု စနစ်များနှင့် အသုံးပြုသူများအတွက် နေ့ရောညပါ အကြည်လင်ဆုံးရိုက်ချက်များ မှတ်တမ်းတင်နိုင်ပြီး စတိုင်ကျလှပစေမည့် night filter များလည်း ပါဝင်သည်။

ကင်မရာနှင့် appများ ကြာရှည်စွာအသုံးပြုနိုင်စေရန် vivo Y51 တွင် 18W Fast charge နည်းပညာဖြင့် လျင်မြန်စွာ အားပြန်လည်သွင်းနိုင်မည့် 5000mAh ဘက်ထရီစွမ်းအင်လည်း ပါဝင်လာပါသည်။ ထို့အပြင် ဘေးဘက်တွင် တပ်ဆင်ပေးထားသော Side-Mounted Fingerprint Scanner ပါဝင်သောကြောင့် ဖုန်းအား တစ်ချက်တည်းဖြင့် အလွယ်တကူဖွင့်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။ Y51 ဖုန်းကို စတိုင်ကျသပ်ရပ်လှပသော အသွင်သဏ္ဍာန်ဖြင့်တွေ့မြင်ရမည်ဖြစ်ကာ ရွေးချယ်စရာအဖြစ် Titanium Sapphire နှင့် Crystal Symphony အမည်ရှိ စွဲမက်ဖွယ် အရောင်နှစ်မျိုးဖြင့် ထွက်ရှိလာပါသည်။

စမတ်ဖုန်းမိတ်ဆက်ခြင်းနှင့်စပ်လျဉ်း၍ vivo Mobile Myanmar ၏ Chief Operating Officer ဖြစ်သူ Mr. Nelson Ni က “vivo က မိတ်ဆက်လိုက်တဲ့ ဖုန်းတွေတိုင်းမှာ အဆင့်မြင့်တီထွင်ဆန်းသစ်မှုတွေဖြစ်တဲ့ အားကောင်းတဲ့ memory စနစ်၊ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ processor၊ ကြာရှည်အသုံးခံတဲ့ ဘတ်ထရီ နဲ့ အရည်အသွေးသာလွန်တဲ့ ကင်မရာတွေပါဝင်ပြီး ခေတ်အကြိုက် ဒီဇိုင်းမျိုးစုံကို စျေးနှုန်းပမာဏမျိုးစုံနဲ့ ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ လူငယ်အကြိုက်ဖြစ်တဲ့ Y Series ကနေထပ်ထွက်လာတဲ့ ဒီ Y51 စမတ်ဖုန်းမှာဆိုရင် မြန်မာလူငယ်တွေရဲ့ စရိုက်သွင်ပြင်နဲ့ တသားတည်းကျစေမယ့် စံနှုန်းအားလုံးပါဝင်ပါတယ်။ Y51 ဟာ စမတ်ဖုန်းအသစ်တစ်ခုဝယ်ယူဖို့တွေးနေသူတွေ၊ လက်ရှိဖုန်းထက် တစ်ဆင့် မြင့်တဲ့ဖုန်းကို ပြောင်းသုံးချင်တဲ့သူတွေအတွက် တကယ်စဉ်းစားသင့်တဲ့ဖုန်းပါပဲ။” ဟု မှတ်ချက်ပေးခဲ့ပါသည်။

vivo Y51 ၏ အသေးစိတ်အချက်အလက်များ

ကြာရှည်အသုံးခံပြီး စွမ်းအားပြည့်စွမ်းဆောင်ရည်

Y51 သည် ကြီးမားသော 8GBRAM + 128GBROM Qualcomm® Snapdragon ™ 6 65 Mobile Platform ကိုအသုံးပြုထားပြီး အသုံးပြုသူများအနေနှင့် အက်ပလီကေးရှင်းများကို လွယ်ကူချောမွေ့စေသည့် အတွေ့အကြုံကို ပေးစွမ်းပါသည်။ ၎င်းသည် အသုံးပြုသူများအတွက် 5000mAh ဘက်ထရီအားဖြင့် ၆၄ မိနစ်အတွင်း ၇၀% အထိ အားပြန်ဖြည့်နိုင်သည့် 18W Fast Charge ဖြင့် ထောက်ပံ့ထားပြီး ကြာရှည်ခံ၍ အနှောင့်အယှက်ကင်းတဲ့ စမတ်ဖုန်းအတွေ့အကြုံကိုလည်း ပေးစွမ်းထားပါသည်။

AI စွမ်းအင်ချွေတာသည့်နည်းပညာကြောင့် အားအပြည့်သွင်းထားလျှင် ၁၇.၉ နာရီ အွန်လိုင်း HD ရုပ်ရှင်များကြည့်ခြင်း သို့မဟုတ် ၉.၉ နာရီကြာ ဂိမ်းများကို ကစားနိုင်မည်ဖြစ်သည်။

အလွန်ကြည်လင်ပြတ်သားသော ရိုက်ချက်များရရှိစေမည့် ကင်မရာစွမ်းဆောင်ရည်

အနောက်ကင်မရာ – Y51 တွင် နေ့စဉ်ဘဝ၏ မြတ်နိုးတန်ဖိုးထားရသောအခိုက်အတန့်များကို ဖမ်းယူနိုင်ရန် 48MP ရှိအနောက်ကင်မရာ ပါဝင်ပါသည်။ ထည့်သွင်းပါဝင်လာသော shooting mode မျိုးစုံဖြင့် AI ကင်မရာ (၃) လုံးသည် အသုံးပြုသူများအတွက် အလွန်ကြည်လင်ပြတ်သားသော ရိုက်ချက်များကို နေ့၊ညမရွေး ဖမ်းယူနိုင်သည်။ အနောက်ကင်မရာရှိ Super Wide-Angle Camera, Super Macro Camera နှင့် Super Night Mode တို့မှတစ်ဆင့် အမျိုးမျိုးသော ဓာတ်ပုံရူထောင့်များကို စမ်းသပ်ရိုက်ကူးနိုင်သည်။ မှတ်သားဖွယ်ကောင်းသည့်အချက်မှာ Super Night Mode သည် အလင်းနည်းသည့်အခြေအနေများတွင်ပင် ဓာတ်ပုံများအတွင်းရှိ အနှောင့်အယှက်များကိုလျှော့ချရန် multi-frame noise reduction algorithm ကိုအသုံးပြုသည်။ ၎င်းသည် အသုံးပြုသူများကို pro တစ်ယောက်လိုရိုက်ကူးနိုင်ရန် vivo ၏ သီးသန့်ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာများက ဒီဇိုင်းပြုလုပ်ထားသော Stylish Night Filters လေးခု ပါရှိသည်။

ဗီဒီယိုများအတွက် အနောက်ဘက်ကင်မရာသည် Electronic Image Stabilization (EIS) နည်းပညာပါဝင်ပြီး ပြေးနေစဉ်၊ စက်ဘီးစီးနေစဉ်၊ လူ သို့မဟုတ် ဝေးကွာသောမြင်ကွင်းများကို တည်ငြိမ်ပြတ်သားသော ဗီဒီယိုများအဖြစ် ရိုက်ကူးနိုင်မည်ဖြစ်သည်။

ရှေ့ကင်မရာ – Y51 ရှိ 16MP ရှေ့ကင်မရာသည် အသုံးပြုသူများကို သင်၏မျက်နှာပေါ်တွင် အလင်းမည်သို့ ကျရောက်သည်ကို ကြည့်ရှုချိန်ဆနိုင်သည့် Super Night Selfie mode ပါဝင်သည်။ ထို့အပြင် လိုအပ်သည့်အလင်းရောင်ကို သဘာဝကျစွာ အလိုအလျောက်ညှိပေးသောကြောင့် စူးရှတဲ့ Flash ကြောင့် အသားအရေမညီမညာခြင်းများကို မဖြစ်ပေါ်နိုင်တော့ပါ။ ထို့အပြင် ၎င်းသည် ပတ်ဝန်းကျင်အလင်းကို အလိုအလျောက်ချိန်ညှိရန် Aura Screen Lightကို အသုံးပြု၍ အလင်းနည်းသောအခြေအနေများတွင် noise cancellation algorithm ကိုအသုံးပြုသည်။

ကင်မရာမော်ဂျူးတွင် ဓာတ်ပုံများရှိ watermark များကို စိတ်ကြိုက်အထူးပြုလုပ်နိုင်သည့် ရွေးချယ်စရာ တစ်ခုပါဝင်လာသည်။

စတိုင်ကျလှပသော အသွင်အပြင်ဖြင့် တိုးမြှင့်ထားသော အသံပိုင်း၊ အမြင်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များ

အသုံးပြုသူ၏ အသံပိုင်းဆိုင်ရာအတွေ့အကြုံကို ထပ်မံတိုးမြှင့်နိုင်ရန်အတွက် အထူးဒီဇိုင်းပြုလုပ်ထားသည့် ထူးခြားကောင်းမွန်သော အသံစနစ်များပါ၀င်သည့် In-built Audio booster ကို Y51 တပ်ဆင်ထားသည်။ ဂိမ်းကစားသည့်အခါ Multi-turbo 4.0 သည် အထူးသဖြင့် နောက်ခံတွင်များစွာသော အက်ပလီကေးရှင်းများ တစ်ပြိုင်တည်း လည်ပတ်နေသည့်အချိန်တွင် ဂိမ်းများ ထစ်ငေါ့ခြင်းနှင့် နှောင့်နှေးခြင်းကို လျှော့ချခြင်းဖြင့် အတွေ့အကြုံကို ပိုမိုကောင်းမွန်စေသည်။

Halo Full View Display ဖြင့် Y51သည် ကျယ်ပြန့်ပြီး စွဲငြိဖွယ်ကောင်းသည့် မြင်ကွင်းကြောင့် ဂိမ်းကစားခြင်းနှင့် မျက်လုံးကာကွယ်ရေးအတွက်ပါ စီမံပေးထားခြင်းဖြစ်ပါသည်။ Y51 တွင် Side Mounted Fingerprint Scanner ဖြင့် Display နှင့် ဖုန်းကို တစ်ချိန်တည်းဖွင့်နိုင်ပါသည်။ တစ်နည်းအားဖြင့် Face Wake ဖြင့်လည်း ဖုန်းကိုကောက်ယူလိုက်သည်နှင့်တစ်ပြိုင်နက် ဖုန်းကိုဖွင့်နိုင်ပါသည်။

အသစ်ထွက်ရှိထားသည့် Y51 စမတ်ဖုန်းကို Titanium Sapphire နှင့် Crystal Symphony အစရှိတဲ့ စတိုင်ကျလှပသောအရောင်များကို vivo တရားဝင်အရောင်းပြခန်းများနှင့် ၎င်း၏မိတ်ဖက် လက်လီအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

အခြားစိတ်လှုပ်ရှားဖွယ်ကောင်းသည့် Y51၏ လုပ်ဆောင်ရည်များမှာ AI albums ဖြင့် အမှတ်တရများကို စုစည်းနိုင်ခြင်း၊ စတိုင်ကျသည့် ဗီဒီယိုများကို ဖန်တီးပြီး လူမှုကွန်ယက်များတွင် မျှဝေနိုင်ခြင်းနှင့် iManager သည် မလိုအပ်သည့် ဒေတာများကို ရှင်းပေးခြင်းနှင့် ညဘက်တွင် ပြဿနာများကို စစ်ဆေးပေးနိုင်ခြင်း အစရှိသည့် ဖုန်းကိုဂရုစိုက်ပေးမည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

*Y51၏ အားသွင်းသည့် အချက်အလက်များသည် vivo ဓာတ်ခွဲခန်းစမ်းသက်မှုများမှ ရရှိလာခြင်းဖြစ်ပါသည်။ vivo တရားဝင် အားသွင်းခေါင်းတွင် ပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုအရ: အပူချိန် 25℃±1℃ ဝန်းကျင်၊ စမ်းသပ်မှုအခြေအနေ: ၁% ဘက်ထရီပမာဏဖြင့် မျက်နှာပြင်ပိတ်ခြင်းနှင့် စံနှုန်းအချက်အလက်များ ပါရှိပါသည်။ အမှန်တစ်ကယ် ဒေတာသည် စမ်းသပ်ရရှိထားသောပတ်ဝန်းကျင် အခြေအနေ၊ ရေရှည်ဘက်ထရီအသုံးပြုမှုများနှင့် အခြားအချက်အလက်များကြောင့် ပြောင်းလဲနိုင်ပါသည်။

*အွန်လိုင်းဂိမ်းကစားချိန် – အားပြည့်ချိန်တွင် 4G ကွန်ယက်ချိတ်ဆက်မှု၊ 150cd / m²မျက်နှာပြင်တောက်ပမှုနှင့် 63dB (A) အသံအတိုးအကျယ်ဖြင့် Y51 သည် PUBG ကို ပုံမှန်ဂိမ်း အနေအထားတွင် ၉.၉ နာရီ အထိကစားနိုင်ပါသည်။ အမှန်တကယ် ဂိမ်းကစားသည့် အခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

*အွန်လိုင်းဗီဒီယို streaming အချိန် – 4G ကွန်ရက်ဆက်သွယ်မှု၊ 150cd / m²ဖန်သားပြင်တောက်ပမှုနှင့် 63dB (A) အသံအတိုးအကျယ်ဖြင့် Y51 သည် အားအပြည့်ရှိချိန်တွင် YouTube ဗီဒီယိုများကို ၁၇.၉ နာရီအထိ ဆက်တိုက်ကြည့်ရှုနိုင်ပါသည်။ အမှန်တကယ် ကြည့်ရှုနိုင်သည့် အချိန်သည် သတ်မှတ်ထားသော အခြေအနေပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

ယခုလို stay-home ကာလအတွင်း vivo Myanmar အဖွဲ့သည် vivo ၏ သုံးစွဲသူများ အဆင်ပြေစေရန်နှင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် အခမဲ့အိမ်အရောက်ပို့ဆောင်ပေးမည့်အစီအစဉ်နှင့် အွန်လိုင်းငွေပေးချေမှု များကိုလည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။ vivo စမတ်ဖုန်းများ၏ အသေးစိတ်အကြောင်းအရာများကို ပိုမိုသိရှိလိုပါက vivo Myanmar Facebook Page Link တွင် ကြည့်ရှုနိုင်ပါသည်။

Source – vivo