Vivo က Y Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Vivo Y52t လို့ အမည်ပေးထားပြီး MediaTek Dimensity 700 SoC မောင်းနှင်ထားပါတယ်။ ၆.၅၁ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး Android 12 အခြေပြု OriginOS Ocean ထည့်သွင်းထားပါတယ်။

vivo Y52t unveiled: Dimensity 700, 6.51'' screen, and 5,000 mAh battery

Vivo Y52t မှာ 8GB RAM ပါလာပြီး 128GB နဲ့ 256GB Storage ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ 1TB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။

Vivo Y52t ရဲ့ အနောက်ဘက်မှာ 13MP Main , 2MP Macro ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး 10W အားသွင်းနှုန်းနဲ့ USB-C Port ကနေ အားသွင်းရမှာ ဖြစ်ပါတယ်။

3.5mm နားကြပ်ပေါက် တပ်ဆင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ 5G ဆက်သွယ်မှု ထောက်ပံ့ပေးထားပြီး အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ စက်တင်ဘာလ ၁၉ ရက်နေ့ Vivo ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ရောင်းချမှာ ဖြစ်ပြီး 8/128GB ကို ၂၀၀ ဒေါ်လာနဲ့ 8/256GB ကို ၂၃၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena