vivo က တရုတ်မှာ Y76s (t1 Version) ကို ကြေညာလိုက်ပြီး ၆.၅၈ လက်မ LCD Full HD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 60Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထည့်သွင်းထားပြီး Android 12 အခြေပြု FunTouch OS UI မောင်းနှင်ထားပါတယ်။ ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Dimensity 700 မောင်းနှင်ထားပါတယ်။

Vivo Y76s (t1 version)

vivo Y76s ရဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Auxiliary ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ 44W Fast Charging ပါတဲ့ 4,100mAh ဘက်ထရီ ပါလာပြီး 12GB LPDDR4x RAM နဲ့ 256GB UFS 2.2 Storage မော်ဒယ် ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ Storage ကို တိုးမြှင့်ဖို့အတွက် microSD Card စိုက်နိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံက 163.84 x 75.00 x 7.79 mm နဲ့ အလေးချိန်က ၁၇၅ ဂရမ် ဖြစ်ပါတယ်။

Vivo Y76s (t1 version) launched in China, price jump - Crast.net

 

vivo က အရင်နှစ်က vivo Y76s မော်ဒယ် ၁ မျိုးကို ရောင်းချထားပြီး Dimensity 810 Chipset ထည့်ထားပါတယ်။ 8GB RAM + 128GB Storage နဲ့ 8GB RAM +256GB Storage Version တွေ ထုတ်လုပ်ထားပါတယ်။

vivo Y76s ကို ၂၆၆ ဒေါ်လာ သတ်မှတ်ထားပြီး Star Diamond White, Galaxy White နဲ့ Starry Night Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina