Vivo က Y77 မော်ဒယ် ၂ လုံးကို ဒီတစ်ပတ်ထဲမှာ ကြေညာလိုက်တာက ထူးခြားပါတယ်။ ပထမ မော်ဒယ်ကို မလေးရှားမှာ ကြေညာခဲ့ပြီး အခု တရုတ်မှာ ကြေညာလိုက်တဲ့ ဒုတိယမော်ဒယ်နဲ့ ဒီဇိုင်း၊ Specs တွေ မတူညီပါဘူး။

Vivo Y77 launches in China with Dimensity 930 - GSMArena.com news

တရုတ် Vivo Y77 မှာ 5G ထောက်ပံ့ထားပေမယ့် နာမည်မှာ 5G မပါပါဘူး။ MediaTek Dimensity 930 Chipset မောင်းနှင်ထားပြီး နိုင်ငံတကာ မော်ဒယ်မှာ Dimensity 810 ထည့်ထားတာပါ။ 6GB , 8GB နဲ့ 12GB RAM ပါလာပြီး 128GB or 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။

မျက်နှာပြင်က ပိုကောင်းလာပြီး ၆.၆၄ လက်မ 2388x1080px IPS LCD ဖြစ်ပါတယ်။ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထောက်ပံ့ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ 8MP ဆဲလ်ဖီး ကင်မရာကို Face Recognition အတွက် သုံးနိုင်ပြီး အနောက်ဘက်မှာ 50MP Main , 2MP Macro ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

80W Dual-core Flash Charge ပါတဲ့ 4,500mAh ဘက်ထရီ ပါလာပြီး Android 12 အခြေပြု Origin OS Ocean မောင်းနှင်ထားပါတယ်။

Vivo Y77 အတွက် အရောင် ၃ ရောင်နဲ့ Memory Configuration ၄ မျိုး ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၁,၄၉၉ ယွမ်၊ 8/128GB ကို ၁,၅၉၉ ယွမ်၊ 8/256GB ကို ၁,၇၉၉ ယွမ်နဲ့ 12/256GB ကို ၁,၉၉၉ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၄၁၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။

Ref : gsmarena