vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y17s ကို ကြေညာလိုက်ပါတယ်။ vivo Y17s မှာ 6.56” IPS LCD HD+ 720×1612 Pixel မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 840 Nits Peak Brightness ပါလာပြီး 83 Percent NTSC Color Gamut ထောက်ပံ့ထားပါတယ်။ တစ်လက်မကို Pixel သိပ်သည်းဆက ၂၆၉ ဖြစ်ပါတယ်။

VIvo Y17s

အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 50MP Main , 2MP Bokeh ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Y17s မှာ အရွယ်ကြီး 5,000mAh Battery ပါလာပြီး 15W Fast Charging ထောက်ပံ့ထားပါတယ်။ MediaTek Helio G85 Chipset မောင်းနှင်ထားပြီး 6GB LPDDR4x RAM နဲ့ 128GB eMMC 5.1 Storage ပါပါတယ်။ microSD Card Slot တပ်ဆင်ထားပြီး Android 13 အခြေပြု FunTouch OS 13 Skin အုပ်ထားပါတယ်။

Vivo's Y17s launched in India. Check prices, offers & specifications - Hindustan Times

Dual SIM, Dual-band WiFi, Bluetooth 5.0, GPS , USB-C Port နဲ့ နားကြပ်ပေါက် တပ်ဆင်ထားပြီး IP54 ရေစိုခံစံနှုန်း ပါပါတယ်။

vivo Y17s အတွက် Glitter Purple နဲ့ Mystic Green အရောင်တွေ ထုတ်လုပ်ထားပြီး 4GB RAM/64GB Storage ကို ၁၁,၄၉၉ ရူပီးနဲ့ 4GB RAM/128GB Storage ကို ၁၂,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။

Ref : gizmochina