Hollywood ရဲ့ အထင်ကရ ကုမ္ပဏီတွေနဲ့ Celebrity တွေဟာ NFTs or Non-fungible Token ဈေးကွက်ကို ဝင်ရောက်လာကြပါတယ်။ အခုလည်း Warner Bros. က The Matrix ရုပ်ရှင် စီးရီးနဲ့ နောက်ထွက်မယ့် “The Matrix Resurrections” ကို အခြေခံထားတဲ့ NFTs တွေကို ဒီလ နှောင်းပိုင်းမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

Redpill

Matrix စီမံကိန်းဟာ CryptoPunks နဲ့ Bored Ape Yacht Club တို့လို NFTs Avatar တွေကို ရောင်းချမှာ ဖြစ်ပြီး ရုပ်ရှင်ထဲက မတူညီတဲ့ ဇာတ်ကောင် Avatar တွေကို ဝယ်ယူနိုင်မှာပါ။ Matrix NFTs တွေကို NFTs လူမှုကွန်ရက် ပလက်ဖောင်းဖြစ်တဲ့ Nifty နဲ့ ပူးပေါင်း ရောင်းချမှာ ဖြစ်ပြီး Avatar ပေါင်း ၁၀၀,၀၀၀ ကို ဖန်တီးမှာပါ။ နိုဝင်ဘာလ ၃၀ ရက်ကစပြီး Avatar ၁ ခုကို ဒေါ်လာ ၅၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ လာမယ့်လတွေအတွင်းမှာ User တွေဟာ သူတို့ရဲ့ Avatar တွေကို အဆင့်မြှင့်နိုင်မှာ ဖြစ်သလို NFTs အသစ်တွေကို ပိုင်ဆိုင်နိုင်မှာပါ။

The Matrix: tien dingen die de Wachowski's daarna beter deden - Cine -  Films & series

Nifty ရဲ့ စီအီးအိုနဲ့ ပူးတွဲတည်ထောင်သူ Jeff Marsilio က “ Matrix ရုပ်ရှင် စီးရီးဟာ အောင်မြင်ပြီးသား ဖြစ်တဲ့အတွက် NFTs Avatar တွေကို လူကြိုက်များအောင် ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Warner Bros. ဟာ ဒီနှစ် အစောပိုင်းကတည်းက NFTs တွေကို စမ်းသပ်နေတာ ဖြစ်ပြီး အရင်ကလည်း Nifty နဲ့ပူးပေါင်းကာ Space Jam ဒစ်ဂျစ်တယ် Collectibles တွေကို ဖန်တီးခဲ့ပါသေးတယ်။ WarnerMedia Global Brands & Experiences ရဲ့ ဥက္ကဌ Pam Lifford က “ NFTs တွေဟာ ကျွန်တော်တို့ Fans တွေအတွက် အတွေ့အကြုံ အသစ်တွေကို ရရှိစေမှာ ဖြစ်ပြီး ရှေရှည်မှာ အလားအလာကောင်းနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : hollywoodreporter