Apple က iPhone 15 Series ကို ဒီနေ့ ကြေညာတော့မှာ ဖြစ်ပါတယ်။ အမေရိကန် စံတော်ချိန် နံနက် ၁၀ နာရီမှာ ကြေညာမှာ ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲဝန်းကျင် ဖြစ်ပါတယ်။

မိတ်ဆက်ပွဲကို အဓိက လူမှုကွန်ရက် ပလက်ဖောင်း အားလုံးကနေ ပြသမှာ ဖြစ်ပြီး တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ YouTube Video ကို ဒီမှာ ထည့်သွင်းပေးထားပါတယ်။

iPhone 15 Series မှာ မော်ဒယ် ၄ မျိုး ပါလာမှာ ဖြစ်ပြီး iPhone 15, iPhone 15 Plus , iPhone 15 Pro နဲ့ iPhone 15 Pro Max တို့ ဖြစ်ပါတယ်။ မော်ဒယ် အားလုံးမှာ Lightning Port အစား USB-C Port ကို  ပြောင်းလဲ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Apple Exclusive Leaks All-New iPhone 15, iPhone 15 Pro Upgrades

iPhone 15 Pro Max ဟာ Periscope ကင်မရာ ပါတဲ့ ပထမဆုံး iPhone ဖြစ်လာမှာဖြစ်ပြီး အဲဒီ ဖုန်းကို အောက်တိုဘာလကျမှ ရောင်းချနိုင်ပါတယ်။

iPhone 15 Series မိတ်ဆက်ပွဲမှာ ဘက်ထရီ သက်တမ်း ပိုကောင်းလာပြီး ဒီဇိုင်း မပြောင်းလဲထားတဲ့ Apple Watch 9 Series နဲ့ Watch Ultra 2 တို့ကိုလည်း ကြေညာနိုင်ပါတယ်။

ref: gsmarena