Pixel 6 Pro ဟာ Google ရဲ့ ပထမဆုံး စွမ်းရည်မြင့် ဖုန်းလို့ ပြောနိုင်ပြီး အဖက်ဖက်က ပြည့်စုံ ကောင်းမွန်ပါတယ်။ အရင်ထုတ် Pixel စမတ်ဖုန်းတွေမှာလို တချို့ အစိတ်အပိုင်းတွေပဲ ကောင်းမွန်တာ မဟုတ်ပါဘူး။ Google Pixel 6 Pro စမတ်ဖုန်းကို နိုင်ငံတကာမှာ မကြာခင် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

Google Pixel 6 Pro vs iPhone 13 Pro Max Speed Test, Speakers, Battery & Cameras! - YouTube

အဲဒီအတွက် Google ရဲ့ နောက်ဆုံးထုတ် အလန်းစား စမတ်ဖုန်းကို Apple ရဲ့ နောက်ဆုံးထုတ် အမိုက်စား စမတ်ဖုန်း ဖြစ်တဲ့ iPhone 13 Pro Max နဲ့ နှိုင်းယှဉ်ကြည့်ရင် အရမ်းကို စိတ်ဝင်စားစရာကောင်းမှာ ဖြစ်ပါတယ်။ အဲဒီ အိုင်ဒီယာကို PhoneBuff က အရင်ဆုံး အကောင်အထည် ဖော်လိုက်ပြီ ဖြစ်ပြီး ဖုန်း ၂ လုံးကို ဘေးချင်းယှဉ်ကာ Speed Test ပြုလုပ်ပြခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

အစပိုင်းမှာ Pixel က ရှေ့ကပြေးနေပေမယ့် သိပ်မကြာခင်မှာ iPhone က ကျော်တက်သွားပါတယ်။ အဲဒီနောက် သူမသာ ကိုယ်မသာ ဖြစ်နေကြပေမယ့် ပထမ Round မှာ iPhone က အရင် ပန်းဝင်သွားပြီး Pixel က ၄ စက္ကန့်နောက်ကျခဲ့ပါတယ်။ ဖုန်း ၂ လုံးရဲ့ RAM Management စမ်းသပ်ချက်မှာလည်း သူမသာ ကိုယ်မသာ ဖြစ်ခဲ့ပေမယ့် iPhone က ၆ စက္ကန့်စောပြီး ပန်းဝင်သွားတာ မြင်ရပါတယ်။

Pixel ဟာ အရမ်းမြန်တယ်လို့ပြောနိုင်ပေမယ့် iPhone 13 Pro Max ကို မယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် နေ့စဉ် ဘဝတွေမှာတော့ App Loading Time က သိပ်သိသာကွာခြားမှာ မဟုတ်ပါဘူး။

Ref : gsmarena