လက်ရှိအချိန်မှာ လူသုံးအများဆုံး Messaging App တွေထဲက တစ်ခုဖြစ်တဲ့ WhatsApp ကနေ အကြာကြီးစောင့်ဆိုင်းခဲ့ရတဲ့ Feature တစ်ခုဖြစ်တဲ့ Dark Mode ကို Android နဲ့ iOS Mobile Device တွေ အကုန်လုံးအတွက်တရားဝင်ထုတ်ပေးလိုက်ပါပြီ။

WhatsApp ဟာ Facebook က ပိုင်ဆိုင်တဲ့ Messaging App တစ်ခုဖြစ်ပေမယ့်လည်း Dark Mode ကို Beta Version မှာပဲ လအတော်ကြာအောင် စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း Mobile Version အစား Web Version နဲ့ Desktop Version တွေကိုပဲ Dark Mode Update ပြုလုပ်ပေးခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ Update ကို Stable အနေနဲ့ ထုတ်ပေးလိုက်ပြီဖြစ်တဲ့အတွက် မကြာခင်မှာအသုံးပြုနိုင်တော့မှာပါ။

WhatsApp ရဲ့ ပြောကြားချက်အရတော့ အခု Dark Mode ဟာ အလင်းရောင်းနည်းပါးတဲ့အခြေအနေတွေမှာ မျက်လုံးကိုထိခိုက်မှုကို လျော့ကျစေမှာဖြစ်ပြီး လက်ရှိ iOS နဲ့ Android တို့ရဲ့ Default Dark Mode တွေနဲ့ အနီးစပ်ဆုံးတူညီအောင်ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။ ယခင် WhatsApp ပုံစံအတိုင်းပဲ Icon တွေ၊ Color တွေကလည်း ကွဲထွက်နေဦးမှာပါ။

ဒါပေမယ့် WhatsApp ရဲ့ Dark Mode မှာ iOS Device တွေအတွက်ကတော့ iOS 13 ကို အသုံးပြုနေဖို့လိုအပ်ပြီးတော့ Android မှာဆိုရင် Android 10 OS ရဲ့ System-wide Dark Mode နဲ့တွဲဖက်အလုပ်လုပ်မှာဖြစ်ပါတယ်။ Android Version အနိမ့်တွေအတွက်လည်း သီးသန့် Toggle လေးတစ်ခုထည့်သွင်းထားမယ်လို့ သိရပါတယ်။

Ref – GSM Arena