Meta ကုမ္ပဏီကပိုင်ဆိုင်တဲ့ Messaging Service ဖြစ်တဲ့ WhatsApp ဟာ ဆက်တိုက်ကို Feature အသစ်တွေမိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း WhatsApp ကနေ အသုံးပြုသူတွေအတွက် သဘောကျဖို့ကောင်းတဲ့ Feature အသစ်ကို ထပ်မံထည့်သွင်းပေးသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဒါက WhatsApp ကနေ ဓါတ်ပုံပေးပို့တဲ့အချိန်မှာ အရည်အသွေးကို လုံးဝလျော့ချခြင်းမရှိတဲ့ Original Quality နဲ့ ပေးပို့နိုင်တော့မှာဖြစ်ပါတယ်။ ယခုသတင်းကို WhatsApp ရဲ့ Feature အသစ်တွေနဲ့ပတ်သက်ပြီး ဖော်ပြနေကျဖြစ်တဲ့ WaBetaInfo ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် WhatsApp ကနေ ဓါတ်ပုံပေးပို့တဲ့အချိန်မှာ အသုံးပြုသူတွေဟာ ဓါတ်ပုံအရည်အသွေးကို Settings ကနေတစ်ဆင့် ရွေးချယ်နိုင်မှာဖြစ်ပြီး အမြင့်ဆုံး Original Quality နဲ့ ပေးပို့နိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ အဆိုပါ Feature ဟာ စမ်းသပ်ဆဲဖြစ်ပြီး Beta Version အသုံးပြုသူတွေတောင် အသုံးပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

တခြားသော Facebook ​၊​ Messenger ၊ Instagram လိုမျိုး Social Media Messaging App အများစုက File အရွယ်အစားသေးငယ်အောင် အရည်အသွေးလျော့ချတတ်တာကြောင့် ဒီလိုမျိုး WhatsApp မှာ ဓါတ်ပုံတွေကို Original Quality အတိုင်းပေးပို့နိုင်မှာက ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်လာမှာပါ။ ဒါ့အပြင် WhatsApp ဟာ Voice Notes ပေးပို့နိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကို Message ပြန်ပို့နိုင်မယ့် Feature တွေကိုလည်း စမ်းသပ်နေတယ်လို့ သိရပါတယ်။

Ref – Geo TV