အမျိုးသမီး ၁ ယောက်ဟာ သူမရဲ့ Apple AirPods ကို မတော်တဆ မြိုချခဲ့မိတယ်လို့ TikTok မှာ ရင်ဖွင့်လာပါတယ်။ ဒါဟာ တော်တော် အံ့အားသင့်စရာကောင်းပါတယ်။ TikTok Username “@iamcarliib” ဆိုသူ ဘော့စတွန် အခြေစိုက် အမျိုးသမီးက “ ကျွန်မ ဘယ်ဘက်လက်ထဲမှာ AirPod နားကြပ် ၁ ခုကို ကိုင်ထားပြီး ညာဘက်လက်ထဲမှာ Ibuprofen 800 အကိုက်အခဲပျောက်ဆေးကို ကိုင်ထားပါတယ်။ အဲဒီနောက်မှာ ဆေးအစား နားကြပ်ကို မတော်တဆ မြိုချမိခဲ့ပါတယ်။ “ လို့ သူမရဲ့ အဖြစ်ဆိုးကို ပြောပြပါတယ်။
@iamcarliiib For ✨educational✨ purposes heres what happened when I mixed up my #airpod and an ibuprofen. Here to share awareness #LevisMusicProject #fyp
ဆေးအစား နားကြပ်ကို မြိုချမိခဲ့တာကို သိသိချင်းပဲ သူမဟာ အန်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် သူမဟာ ဆေးရုံ သွားပြီး X-ray ရိုက်ကြည့်တဲ့အခါ နားကြပ်ဟာ အစာအိမ်ထဲက ထွက်သွားပြီဆိုတာ သိခဲ့ရပါတယ်။
နားကြပ်ဟာ ဗိုက်ထဲမှာ ရှိနေချိန်မှာ iPhone နဲ့ ချိတ်ဆက်နေဆဲပဲ ဖြစ်ပြီး သူမဟာ ဖုန်းပြောခဲ့ပါသေးတယ်။ ဖုန်းပြောချိန်မှာ ဗိုက်ထဲက အသံတွေကိုပါ ကြားခဲ့ရပါတယ်။
AirPod ကို မတော်တဆ မြိုချခဲ့မိတဲ့ ဖြစ်ရပ်တွေ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဆက်ဆာချူးဆက်က အမျိုးသား ၁ ယောက်ဟာ အိပ်ပျော်နေစဉ်မှာ နားကြပ်ကို မတော်တဆ မြိုချခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ ခွဲစိတ်ပြီး နားကြပ်ကို ထုတ်ခဲ့ရပါတယ်။ အသက် ၇ နှစ်အရွယ် ကလေး ၁ ယောက်ဟာလည်း AirPods မြိုချမိလို့ ဆေးရုံရောက်ခဲ့ရပါသေးတယ်။
နားမှာ တပ်ဆင်ထားတဲ့ AirPods ပေါက်ကွဲမှုကြောင့် တရုတ်က User ၁ ယောက်ဟာ အရေးပေါ်ဌာနကို သွားခဲ့ရပါသေးတယ်။ သူဟာ အသေးစား ဒဏ်ရာပဲ ရခဲ့ပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားခဲ့ပါတယ်။ Apple ဟာ အဲဒီ လူကို နစ်နာကြေးပေးခဲ့တယ်လို့ သိရပါတယ်။
Ref : news18