၁၀၅ ပေ ရှည်တဲ့ လက်တံ ပါတဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ရုပ်ဟာ ဩစတြေးလျ ကနေ အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါကို ရောက်ရှိလာပါပြီ။ အဲဒီစက်ရုပ်အမည်က Hadrian X ဖြစ်ပြီး ဖလော်ရီဒါမှာ အဆောက်အဦး ၁၀ လုံးကို တည်ဆောက်ပေးမှာပါ။

World's fastest brick-laying construction robot lands on American shores

Hadrian X ကို တီထွင်ထားတဲ့ စက်ရုပ် ကုမ္ပဏီ FBR က အဲဒီ စက်ရုပ် နမူနာ မော်ဒယ်ကို ၂၀၁၅ ခုနှစ်မှာ ပြသခဲ့ပါတယ်။ အဲဒီ စက်ရုပ်ဟာ ၂ ရက်ထဲနဲ့ အိမ်ကြီး ၁ လုံးကို တည်ဆောက်ပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ FBR က အုတ် ၅၀၀ ကို လျှင်မြန်စွာ စီပေးနိုင်တဲ့ Hadrian X မော်ဒယ်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

Hadrian X, the World's Fastest Brick-Laying Construction Robot, Arrives in  the US - TechEBlog

စက်ရုပ်ရဲ့ လက်တံဟာ ရှည်လျားတဲ့အတွက် ၃ ထပ် အမြင့် အဆောက်အဦးတွေကို တည်ဆောက်ပေးနိုင်ပါတယ်။ ဘယ်လို ရာသီဥတုမျိုးမှာ မဆို ၂၄ နာရီပတ်လုံး တရစပ် အလုပ်လုပ်နိုင်ပါတယ်။

Hadrian X ဖလော်ရီဒါကို ရောက်လာရတဲ့ အကြောင်းအရင်းက အမေရိကန်မှာ ကွန်ကရစ် တုံးတွေကို ထုတ်လုပ်တဲ့ အကြီးမားဆုံး ကုမ္ပဏီ ဖြစ်တဲ့ CRH plc ရဲ့ လက်အောက် ကုမ္ပဏီ CRH Ventures Americas , Inc နဲ့ FBR တို့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ဖြစ်ပါတယ်။

Ref : inceptivemind