CES 2025 မှာ MLVision က ကမ္ဘာ့ အပေါ့ပါးဆုံး AI နည်းပညာ ပါတဲ့ AR မျက်မှန်ဖြစ်တဲ့ MLVision M5 ကို ကြေညာလိုက်ပါတယ်။ ၂၅.၈ ဂရမ်ပဲ အလေးချိန်ရှိတဲ့အတွက် တစ်နေ့လုံး ဝတ်ဆင်ထားရင်တောင် အဆင်ပြေပါတယ်။

The MLVision M5 is the world's lightest AI-powered AR glasses.

အဆင့်မြင့် တိုက်တေနီယမ် ၊ အလွန်ပေါ့ပါးတဲ့ ပလတ်စတစ်တို့နဲ့ တည်ဆောက်ထားပြီး MLVision M5 ဟာ မာကျောသလို ပေါ့ပါးပါတယ်။ ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ ၂၅.၈ ဂရမ်ပဲ ရှိပြီး သမားရိုးကျ AR မျက်မှန်တွေထက် ၄၀ ရာခိုင်နှုန်း ပိုပေါ့ပါးပါတယ်။

MLVision M5: Feather-Light AR Glasses Redefine Smartwear

ဒီဇိုင်းကောင်းမွန်ပြီး AI နည်းပညာကို သုံးချင်လို့ပဲ ဝတ်ဝတ် ၊ စတိုင်ကျဖို့အတွက်ပဲ ဝတ်ဝတ် သင့်တော်ပါတယ်။ Modular ဒီဇိုင်း ဖြစ်ပြီး အစိတ်အပိုင်းတွေကို ဖြုတ်တပ် နိုင်ပါတယ်။

ပါဝါမျက်မှန် တပ်နေရသူတွေအတွက်လည်း အသုံးဝင်ပါတယ်။ ပါဝါမှန်ကို MLVision M5 မှာ ထည့်သွင်း ဝတ်ဆင်နိုင်ပါတယ်။ AI နည်းပညာ ပါတဲ့ မျက်မှန်ကို ဝတ်ဆင်ချင်သူတွေအတွက် MLVision M5 ဟာ ရွေးချယ်စရာ ဖြစ်ပါတယ်။ ကုမ္ပဏီက မျက်မှန်ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : inceptivemind