Xiaomi က တရုတ်မှာ စွမ်းရည်မြင့် 13 နဲ့ 13 Pro ကို ကြေညာလိုက်ပြီး ဖုန်း ၂ လုံးစလုံးမှာ AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ HDR10+ ၊ Dolby Vision နဲ့ HLG Support တွေ ပါလာပါတယ်။ 13 မှာ ၆.၃၆ လက်မ FHD+ မျက်နှာပြင်ပြားနဲ့ 13 Pro မှာ ၆.၇၃ လက်မ QHD+ မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။

13 ဟာ လေးထောင့်ကျတဲ့ ဒီဇိုင်း ဖြစ်ပြီး Pro ကပါးလွှာတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အနောက်ဘက်မှာ စတုရန်း ကင်မရာ Island ထည့်သွင်းထားပြီး IP68 စံနှုန်း ရှိပါတယ်။ အနောက်ဘက် Panel ကို သန့်ရှင်းရတာ လွယ်ကူစေတဲ့ Nano-skin နည်းပညာ ပါလာပြီး Dolby Atmos စံနှုန်း စတီရီယို စပီကာတွေ တပ်ဆင်ထားပါတယ်။

Xiaomi 13 and 13 Pro announced with SD 8 Gen 2, new Leica cameras

Xiaomi 13 Series မှာ Leica ရဲ့ ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ 13 မှာ 50MP OIS Sony IMX800 , 12MP Ultrawide Angle နဲ့ 10MP Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Pro မှာ ၁ လက်မ Sony IMX989 50MP Main , 50MP Ultrawide နဲ့ 50MP Telephoto ကင်မရာ ၃ လုံး ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 16MP ဆဲလ်ဖီး ကင်ရာ တပ်ဆင်ထားပါတယ်။

Xiaomi 13 and 13 Pro announced with SD 8 Gen 2, new Leica cameras

Xiaomi 13 နဲ့ 13 Pro မှာ Snapdragon 8 Gen 2 Processor မောင်းနှင်ထားပြီး 12GB LPDDR5 RAM နဲ့ 256GB UFS 4.0 Storage အထိ ရွေးချယ်နိုင်ပါတယ်။ Liquid Cooling Heat Dissipation System ထည့်သွင်းထားပါတယ်။ Xiaomi 13 နဲ့ 13 Pro မှာ 4,500mAh နဲ့ 4,820mAh ဘက်ထရီ၊ 67W နဲ့ 120W Wired Charging အသီးသီး ပါလာပြီး ဖုန်း ၂ လုံးစလုံးမှာ 50W Wireless နဲ့ 10W Reverse Wireless Charging ထောက်ပံ့ထားပါတယ်။

Xiaomi 13 Series မှာ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 5G ဆက်သွယ်မှု ပါပါတယ်။ ဖုန်း ၂ လုံးစလုံးအတွက် White , Black , Green နဲ့ Light Blue အရောင်တွေ ထုတ်လုပ်ထားပြီး 13 အတွက် Flame Red, Sapphire Blue, Hurricane Yellow, Jungle Green နဲ့ Cement Gray စတဲ့ Custom အရောင်တွေ ကြေညာထားပါတယ်။

ဈေးနှုန်း

Xiaomi 13

  • 8GB + 128GB: RMB 3,999 ($574)
  • 8GB + 256GB: RMB 4,299 ($617)
  • 12GB + 256GB: RMB 4,599 ($660)
  • 12GB + 512GB: RMB 4,999 ($718)

Xiaomi 13 Pro

  1. 8GB + 128GB: RMB 4,999 ($718)
  2. 8GB + 256GB: RMB 5,399 ($775)
  3. 12GB + 256GB: RMB 5,799 ($833)
  4. 12GB + 512GB: RMB 6,299 ($905)

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၄ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina