Xiaomi 13 နဲ့ 13 Pro ကို ဒီဇင်ဘာလမှာ ကြေညာမယ်လို့ ထင်ရပါတယ်။ အခုတော့ Bureau of Indian Standards (BIS) ဒေတာဘေ့စ်မှာ တွေ့လာရတဲ့အတွက် အိန္ဒိယမှာ မကြာခင် မိတ်ဆက်နိုင်ပါတယ်။ အရင်သတင်းတွေအရ Xiaomi 13 မှာ Snapdragon 8 Gen 2 Chip နဲ့ အနောက်ကင်မရာ ၃ လုံး ပါလာမယ်လို့ သိခဲ့ရပါတယ်။

Xiaomi 13 renders

အရင်ပေါက်ကြားသတင်းတွေအရ Xiaomi 13 မှာ မကြေညာရသေးတဲ့ Qualcomm Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 256GB Internal Storage အထိ ပါလာမှာပါ။ ၆.၂ လက်မ Full HD+ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 1.5K Resolution ရှိမှာပါ။ 50MP Main ကင်မရာနဲ့ Android 13 အခြေပြု MIUI 14 တွေ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

Xiaomi 13: High-quality renders emerge online from reliable leaker - NotebookCheck.net News

ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေအရ Xiaomi 13 မှာ မျက်နှာပြင်ပြား ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာကာ အလယ်မှာ Punch Hole ၁ ခု တပ်ဆင်ထားမှာပါ။ Xiaomi က ဖုန်းဘေးဘက်တွေကို ပြားချပ်အောင် ပြုလုပ်ထားပြီး လေးထောင့် သေတ္တာ ၁ ခုနဲ့ တူမှာပါ။ စိတ်ဝင်စားစရာကောင်းတာက ဖုန်း အနောက်ဘက် ထောင့်တွေဟာ အနည်းငယ် ကွေးညွှတ်နေတာပါ။ ဖုန်းမှာ အဆင့်မြှင့်ထားတဲ့ ကင်မရာတွေ တပ်ဆင်ထားမှာ ဖြစ်ပြီး စတုရန်း ပုံသဏ္ဍန်အကွက်ထဲမှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Ref : gizmochina