iPhone 14 Pro Series မှာ ပါတဲ့ Dynamic Island ကို လူတွေ စိတ်ဝင်စားမှုမြင့်မားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ Dynamic Island လို လုပ်ဆောင်ချက်တွေကို Android စမတ်ဖုန်းတွေမှာ တုပ ထည့်သွင်းဖို့ ပြိုင်ဖက် ကုမ္ပဏီတွေက ကြိုးစားလာကြပါတယ်။ အခုဆိုရင် Android မှာ Dynamic Island လို လုပ်ဆောင်ချက်ကို ပံ့ပိုးပေးနိုင်တဲ့ App များစွာ ရှိလာပါပြီ။
ဒါပေမယ့် ဒါဟာ Third-party Support ဖြစ်ပြီး Android ဖုန်းတွေမှာ Dynamic Island ကို First-party အနေနဲ့ ထည့်သွင်းပေးထားတာ မရှိသေးပါဘူး။ realme ဟာ အဲဒီ လုပ်ဆောင်ချက်ပါတဲ့ Device ၁ လုံးကို ဖန်တီးနေတယ်လို့ အရင်က သိခဲ့ရပါတယ်။ အခုတော့ Xiaomi 13 Lite 5G ဟာ Dynamic Island ပါတဲ့ ပထမဆုံး Android ဖုန်း ဖြစ်လာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။
Xiaomi က 13 Lite 5G ကို တရားဝင် မကြေညာရသေးပါဘူး။ အဲဒီ ဖုန်းဟာ Xiaomi Civi 2 ကို နာမည်ပြောင်းထားတာလို့ သတင်းထွက်နေပြီး Xiaomi က 13 Lite မှာ Dynamic Island လိုမျိူး Software Animation ကိုပါ ထည့်သွင်းပေးလာနိုင်ပါတယ်။
Xiaomi 13 Lite ကို နောက်လ ဘာစီလိုနာမှာ ကျင်းပမယ့် MWC 2023 မှာ ကြေညာနိုင်ပြီး AMOLED မျက်နှာပြင် တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။
Ref : gizchina