၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ Xiaomi က တရုတ်မှာ စွမ်းရည်မြင့် Xiaomi 13 နဲ့ 13 Pro ကို ကြေညာခဲ့ပြီး လာမယ့်လတွေအတွင်း နိုင်ငံတကာမှာ ချပြနိုင်ပါတယ်။ Google Play Console အရ Xiaomi ဟာ 13 Lite ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ ဥရောပ ရောင်းဈေးနဲ့ ရောင်းချမယ့် အချိန် ပေါက်ကြားလာပါတယ်။ Xiaomi 13 Lite ကို ဥရောပမှာ Xiaomi 13 , 13 Pro တို့နဲ့အတူ MWC 2023 မှာ ကြေညာမှာ ဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာပါ။

Xiaomi 13 Lite 256GB Storage Version ကို ၅၄၉ ယူရိုနဲ့ ရောင်းချမှာ ဖြစ်ပြီး Xiaomi ဟာ အရင်က စွမ်းရည်သင့် Lite Version မှာ 128GB Storage ပဲ ထည့်ပေးခဲ့တာပါ။ ယူရို ၅၄၉ မော်ဒယ်ဟာ Xiaomi 13 Lite ရဲ့ ဈေးအကြီးဆုံး မော်ဒယ် ဖြစ်နိုင်ပြီး အပြာနဲ့ အနက်ရောင် ထုတ်လုပ်ထားမှာပါ။

Xiaomi 13 Lite spotted as re-styled Xiaomi CIVI 2 with Snapdragon 7 Gen 1 SoC - NotebookCheck.net News

Xiaomi 13 Lite ဟာ Xiaomi CIVI 2 ကို အမည်ပြောင်းထားတာ ဖြစ်တဲ့အတွက် Specs တွေက တူညီမှာပါ။ ၆.၅၅ လက်မ Full HD+ AMOLED မျက်နှာပြင် ပါလာနိုင်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ မျက်နှာပြင်ရဲ့ ဆေးတောင့်ပုံ Punch Hole မှာ ဆဲလ်ဖီး ကင်မရာတွေ တပ်ဆင်ထားမှာပါ။

ပေါက်ကြားသတင်းအရ Xiaomi 13 Lite မှာ Qualcomm Snapdragon 7 Gen 1 Chip မောင်းနှင်ထားနိုင်ပြီး 12GB LPDDR4X RAM နဲ့ 256GB UFS 2.2 Storage အထိ ပါလာနိုင်ပါတယ်။ အရှေ့ ကင်မရာထဲမှာ 32MP တပ်ဆင်ထားနိုင်ပြီး အနောက်ကင်မရာတွေက 50MP Sony IMX766 Main, 20MP Ultra-wide နဲ့ 2MP Macro တွေ ဖြစ်နိုင်ပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Ref : gizmochina