Xiaomi ဟာ တရုတ်နဲ့ နိုင်ငံတကာဈေးကွက်အတွက် မတူညီတဲ့ နည်းဗျူဟာတွေနဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း တရုတ်မှာ ကြေညာထားပြီးတဲ့ Xiaomi 13 Series ကို နိုင်ငံတကာအတွက် MWC 2023 မှာ ချပြလိုက်ပါတယ်။ အဲဒီအထဲမှာ Xiaomi 13 Lite ဟာ ပေးရတဲ့ ဈေးထက်တန်တဲ့ စွမ်းဆောင်ရည်ကိုရအောင် ဖန်တီးထားပါတယ်။

Xiaomi 13 Lite arrives with Snapdragon 7 Gen 1, island-style dual front camera

Xiaomi 13 Lite ဟာ ၂၀၂၂ ခုနှစ် တရုတ်မှာ ကြေညာခဲ့တဲ့ Xiaomi Civi 2 ကို နာမည်ပြောင်းထားတာ ဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ နာမည် မတူညီပေမယ့် Specs တွေက တူညီကြပါတယ်။

Xiaomi 13 Lite arrives with Snapdragon 7 Gen 1, island-style dual front camera

Xiaomi 13 Lite မှာ ၆.၅၅ လက်မ Full HD AMOLED မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate နဲ့ Dolby Vision ထောက်ပံ့ထားပါတယ်။ ဆေးတောင့်ပုံ Punch Hole မှာ အရှေ့ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ 4nm Fabrication Process နဲ့ ထုတ်လုပ်ထားတဲ့ Snapdragon 7 Gen 1 Processor မောင်းနှင်ထားပါတယ်။

Xiaomi 13 Lite arrives with Snapdragon 7 Gen 1, island-style dual front camera

အရှေ့ဘက်မှာ 32MP နဲ့ 8MP Depth  ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 20MP Ultrawide , 2MP Macro ကင်မရာ ၃ လုံး ပါပါတယ်။ 8/12GB RAM နဲ့ 128/256GB Storage ထုတ်လုပ်ထားပြီး 67W Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။

Xiaomi 13 Lite Specs:

  • Display: 6.55-inch Full HD resolution AMOLED panel with 120Hz refresh rate and Dolby Vision support
  • Processor: Qualcomm Snapdragon 7 Gen 1
  • RAM: 8/12 GB
  • Storage: 128/256 GB
  • Front Camera: Dual 32 Megapixel
  • Rear Camera: 50 Megapixel main, 20 Megapixel ultra-wide, and 2 Megapixel macro sensor
  • Battery: 4,500 mAh battery with support for 67W fast charging.

8/128GB မော်ဒယ်ကို ၄၉၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gizmochina