တကယ်တော့ Xiaomi 13 Series တွေကို မိတ်ဆက်ဖို့ စီစဥ်ထားတာက ဒီနေ့ပါ။ ဒါပေမယ့် Xiaomi ဘက်က မိတ်ဆက်ပွဲရက်ကို နောက်ဆုတ်သွားပါပြီ။ ဘာကြောင့်လဲဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကုမ္ပဏီက Xiaomi 13 Pro ကင်မရာရဲ့ အဓိက လုပ်ဆောင်ချက် တချို့ကို ပြောပြခဲ့ပါတယ်။ ပင်မ ကင်မရာဟာ 50MP ၁ လက်မ Sony IMX989 ဆန်ဆာ ဖြစ်ပြီး Telephoto ကင်မရာက 3x Magnification ကို ထောက်ပံ့မှာ ဖြစ်ပါတယ်။

Xiaomi 13 Pro ရဲ့ Hands-on Video ၁ ခု ထွက်ပေါ်လာပြီး ကင်မရာ ဒီဇိုင်းနဲ့ Specs တချို့ကိုသိလာရပါတယ်။ Xiaomi 13 Pro မှာ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားမှာ ဖြစ်ပြီး 8/128GB Memory Version ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ 3.19GHz CPU ပါတဲ့ Qualcomm Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Snapdragon 8 Gen 2 ဖြစ်ပါတယ်။

Xiaomi 13 Pro နဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်နေပြီး လူမှုကွန်ရက်မှာ တင်ထားတဲ့အတွက် Compress လုပ်ထားပါတယ်။

Xiaomi 13 Series မှာ LPDDR5X RAM နဲ့ UFS 4.0 Storage ပါလာမှာ ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်က လျှင်မြန်မှာပါ။ Xiaomi 13 နဲ့ 13 Pro ကို Xiaomi Watch S2 Wearable ၊ MIUI 14 Interface တို့နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena