Xiaomi က ဧပြီလမှာ Xiaomi 12 Pro ကို ကြေညာခဲ့ပြီး အခုတော့ Xiaomi 13 Pro ကို 3C မှာ မှတ်ပုံတင်ထားတဲ့အတွက် မကြာခင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ 3C မှာ 120W Fast Charging ပါလာမယ်လို့ ဖော်ပြထားပြီး Snapdragon 8 Gen 2 SoC ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ 12GB RAM အထိ ရွေးချယ်နိုင်မှာပါ။

Xiaomi-13-Pro-3c

MySmartPrice က Xiaomi 13 Pro ကို တရုတ်က 3C မှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပြီး မော်ဒယ် နံပါတ်က 2210132C ဖြစ်ကာ 120W Fast Charging ပါမယ်လို့ ပြောပါတယ်။

Xiaomi 12 Pro မှာလည်း 120W Fast Charging ထည့်သွင်းထားတာ ဖြစ်ပြီး Xiaomi 13 Pro မှာ ပိုကြီးတဲ့ ဘက်ထရီ ပါလာမှာပါ။ ပေါက်ကြားသတင်းတွေအရ Xiaomi 13 Pro ကို ရိုးရိုး Xiaomi 13 နဲ့အတူ နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလမှာ ကြေညာမှာ ဖြစ်ပါတယ်။

Xiaomi 13 Pro leak

မကြာခင်က Xiaomi 13 Pro ရဲ့ ဓါတ်ပုံ ၁ ပုံ ပေါက်ကြားထွက်ပေါ်ခဲ့ပြီး Punch Hole မျက်နှာပြင် ပါလာတာမြင်ရပါတယ်။ အရင်မျိုးဆက်လိုပဲ ထောင့်စွန်းတွေက ကွေးညွှတ်ပါတယ်။ ၆.၇ လက်မ Samsung E6 AMOLED မျက်နှာပြင် ပါလာနိုင်ပြီး 2K Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။

Xiaomi 13 Pro မှာ မကြေညာရသေးတဲ့ Snapdragon 8 Gen 2 Processor မောင်းနှင်ထားနိုင်ပြီး 12GB RAM နဲ့ 3GB Virtual RAM ပါလာနိုင်ပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားနိုင်ပြီး အနောက်ဘက်မှာ 50MP ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။

Ref : gizmochina