Xiaomi ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Xiaomi 13 Series ဖုန်းတွေကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ရောင်းချခဲ့ပါတယ်။ အခုလည်း အဆိုပါ Xiaomi 13 Series ဖုန်းတွေကို Global စျေးကွက်မှာ တရားဝင်မိတ်ဆက်မယ့် အချိန်ကို ကြေညာလိုက်ပါပြီ။

Xiaomi ရဲ့ ကြေညာချက်အရ Xiaomi 13 Series ဖုန်းတွေကို လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ Mobile World Congress (MWC) Event မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Launch Event ကို Xiaomi ရဲ့ Official Website ၊ YouTube Channel နဲ့ Social Media Account တွေကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ။

Xiaomi ဟာ တရုတ်နိုင်ငံအတွင်းမှာ Xiaomi 13 နဲ့ Xiaomi 13 Pro ဖုန်း ၂ မျိုးကို မိတ်ဆက်ခဲ့ပြီး အခုလည်း CEO Lei Jun က Xiaomi 13 Series လို့ သုံးနှုန်းထားတဲ့အတွက် ၂ မျိုးစလုံးကို Global စျေးကွက်မှာ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Xiaomi 13 Series ဖုန်းတွေဟာ Qualcomm Snapdragon 8 Gen 2 Chipset ပါဝင်မှာဖြစ်ပြီး Leica-branded Lens တွေပါဝင်တဲ့ Triple Camea Setup ကိုထည့်သွင်းအသုံးပြုထားပါတယ်။ Xiaomi 13 Pro ဖုန်းမှာဆိုရင် 120W Fast Charging ကို ထောက်ပံ့ပေးထားတဲ့ 4820mAh Battery လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

Xiaomi ကနေ စွမ်းဆောင်ရည်အကောင်းဆုံး Xiaomi 13 Ultra ဖုန်းကိုလည်း မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပြီး လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မိတ်ဆက်နိုင်မလားဆိုတာကတော့ မသိရှိရသေးပါဘူး။

Ref – GSM Arena