Xiaomi က 12S Ultra ကို အရင်နှစ် ဇူလိုင်လက ကြေညာခဲ့ပြီး အခုတော့ Xiaomi 13 Ultra ကို အစောဆုံး အနေနဲ့ ဒီလထဲ မိတ်ဆက်နိုင်တယ်လို့ သတင်းထွက်လာပါတယ်။
အဲဒီ သတင်းဟာ တရုတ် အွန်လိုင်း စတိုး ၁ ခုကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး အဲဒီ စတိုးရဲ့ Home Page မှာ Xiaomi ရဲ့ ထုတ်ကုန် မိတ်ဆက်ပွဲ အသစ်ကို ဖော်ပြထားပါတယ်။ အဲဒီပွဲကို ဒီလ ၁၈ ရက်နေ့ တရုတ် စံတော်ချိန် ည ၇ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။ စတိုးမှာ Xiaomi 13 Ultra ကို ကြေညာမယ်လို့တော့ မဖော်ပြထားပေမယ့် Leica က Teaser အရ အဲဒီပွဲမှာ Xiaomi 13 Ultra ကို ကြေညာနိုင်ပါတယ်။ အဲဒီ Teaser မှာ “ ဒီလ ၁၈ ရက်နေ့ တွေ့ကြမယ်။” လို့ ရေးသားထားပါတယ်။
အခု မိတ်ဆက်ပွဲဟာ တရုတ် အတွက် ဖြစ်ပြီး နိုင်ငံတကာမှာလည်း မရှေးမနှောင်း ကြေညာနိုင်ပါတယ်။ တရုတ်မှာ မိတ်ဆက်ပြီး ၁ လ ၊ ၂ လ အကြာလောက်မှာ နိုင်ငံတကာမှာ ကြေညာနိုင်ပါတယ်။
Xiaomi 13 Ultra ရဲ့ ဓါတ်ပုံတွေ အရင်က အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး ဒီဇိုင်း အနည်းငယ် ပြောင်းလဲထားပါတယ်။ အနောက်ဘက်မှာ Periscope Lens အပါအဝင် ဆန်ဆာ ၄ လုံးကို DSLR လို စက်ဝိုင်းပုံ ကင်မရာ Module ထဲမှာ ထည့်သွင်းထားပါတယ်။ Leica Branding ကို တွေ့ရပြီး အနောက်ဘက် Panel ဟာ Vegan Leather ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက် ကင်မရာ Island ဟာ Xiaomi 12S Ultra လို ငေါထွက်မနေပါဘူး။
နာမည်ကြီး တရုတ်က Tipster Digital Chat Station က Xiaomi 13 Ultra မှာ USB 3.2 Data Transfer နဲ့ USB PD Charging Standard Protocol ပါလာမယ်လို့ သတင်းပေးထားပါတယ်။
Ref : gsmarena