Xiaomi 13 Series ဖုန်းတွေဟာ လက်ရှိအချိန်မှာ Xiaomi ရဲ့ အကောင်းဆုံး Flagship ဖုန်းတွေလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Xiaomi ဟာ Xiaomi 13 နဲ့ Xiaomi 13 Pro ဖုန်းတွေကိုပဲ မိတ်ဆက်ထားသေးပြီး အကောင်းဆုံးလို့ ဆိုနိုင်တဲ့ Xiaomi 13 Ultra ကိုတော့ တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။
အခုအချိန်မှာတော့ Xiaomi ကနေ အဆိုပါ Xiaomi 13 Ultra ဖုန်းကို လာမယ့် ဧပြီလ ၁၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။ အဆိုပါ Xiaomi 13 Ultra ဖုန်းဟာ Camera ပိုင်းမှာ Leica ကုမ္ပဏီနဲ့ ပူးပေါင်းထားတဲ့အပြင် ယခုနှစ်အတွက် Camera အကောင်းဆုံး Flagship ဖုန်းဖြစ်လာမယ်ဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။
Xiaomi 13 Ultra ဖုန်းဟာ Main Camera အတွက် Lecia Vario-Summicron Lens အသစ်ကို အသုံးပြုထားမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို ကောင်းမွန်လာမှာဖြစ်ပါတယ်။ Camera Setup အနေနဲ့ Quad Camera Setup ပါဝင်မှာဖြစ်ပြီး Main Camera က 50MP 1-inch Sensor အမျိုးအစားကို အသုံးပြုထားမှာဖြစ်ပါတယ်။
ကျန်တဲ့ Camera Sensor တွေအနေနဲ့ Telephoto Sensor ၂ လုံးနဲ့ Ultrawide Sensor ပါဝင်မှာဖြစ်ပါတယ်။ Camera Sensor တွေအကုန်လုံး 50MP Megapixels Sensor အမျိုးအစားတွေကိုပဲ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။
အစောပိုင်းတုန်းက ထွက်ပေါ်ထားတဲ့ Xiaomi 13 Ultra ရဲ့ Render ဓါတ်ပုံတွေအရ Xiaomi 13 Ultra ဖုန်းဟာ Curved Display ကိုမှ ဘေးဘက် Flat Design နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ Xiaomi 13 Ultra ဖုန်းကို တရုတ်နိုင်ငံစျေးကွက်တင်မဟုတ်ဘဲ Global စျေးကွက်မှာပါ မိတ်ဆက်သွားမှာဖြစ်ပါတယ်။
Ref – GSM Arena