Xiaomi က 13 Ultra ကို တရုတ်မှာ ကြေညာလိုက်ပြီး မျက်နှာပြင်နဲ့ ကင်မရာတွေကို အသားပေးထားပါတယ်။ ကင်မရာတွေအကြောင်းစပြောရရင် Leica နဲ့ ပူးပေါင်းဖန်တီးထားတဲ့ ကင်မရာတွေ ဖြစ်ပါတယ်။ ၁ လက်မ 50MP Sony IMX989 Main ကင်မရာမှာ f/1.9 နဲ့ f/4.0 အကြား Aperture ပြောင်းလဲနိုင်ပါတယ်။ Aperture ပြောင်းလဲနိုင်တယ်ဆိုတာ အလင်းဝင်ရောက်မှုနဲ့ Depth of Field ကို User က ထိန်းချုပ်နိုင်တာပါ။
ဒါ့အပြင် 50MP Sony IMX858 f/1.8 Ultrawide ကင်မရာ ပါလာပြီး 122-Degree FOV ထောက်ပံ့ပါတယ်။ နောက်ထပ် 50MP ကင်မရာ ၂ လုံးက Telephoto တွေ ဖြစ်ပြီး ပထမ ၁ လုံးက 2.5x Zoom နဲ့ ဒုတိယ ၁ လုံးက 5x Zoom ကို ထောက်ပံ့ပါတယ်။
အရှေ့ ကင်မရာက 32MP ဖြစ်ပါတယ်။
6.73-inch 3200x1440px AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate , 240Hz Touch Sampling Rate ထည့်သွင်းထားပါတယ်။ အမြင့်ဆုံး Brightness က 2,600 nits ရှိတဲ့အတွက် ကမ္ဘာ့ အတောက်ပဆုံး မျက်နှာပြင် ဖြစ်လာပါတယ်။ iPhone 14 Pro Max မှာတောင် 2,300 nits ပဲရပါတယ်။
Snapdragon 8 Gen 2 မောင်းနှင်ထားပြီး 90W Wired Charging, 50W Wireless Charging ပါတဲ့ 5,000mAh Battery ပါပါတယ်။ Xiaomi က Battery ၁ ရာခိုင်နှုန်းကျန်ရင် မိနစ် ၆၀ သုံးနိုင်တယ်လို့ ပြောပါတယ်။ USB 3.2 Port ပါတာက တိုးတက်မှုဖြစ်ပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။
Black, Olive Green နဲ့ White အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ ဒီလ ၂၁ ရက်နေ့ ရောင်းမှာပါ။
ဈေးနှုန်း
- 12GB + 256GB – 5,999 Yuan ($872)
- 16GB + 512GB – 6,499 Yuan ($945)
- 16GB + 1TB – 7,299 Yuan ($1061)
Ref : gizmochina