စမတ်ဖုန်းတွေမှာ အမြန်အားသွင်းနည်းပညာတွေကို အပြိုင်အဆိုင် ထည့်သွင်းလာကြပါတယ်။ အခုတော့ Xiaomi က မကြာခင် ကြေညာမယ့် 13 Ultra ရဲ့ Battery ဟာ ၁ ရာခိုင်နှုန်းပဲကျန်ရင်တောင် မိနစ် ၆၀ အသုံးခံမယ်လို့ ပြောပါတယ်။ ဒီလို စွမ်းရည်မြင့်မားခြင်းဟာ Xiaomi ဖန်တီးထားတဲ့ Surge P2 Chip နဲ့ Surge G1 Chip ကြောင့် ဖြစ်ပါတယ်။

Xiaomi 13 Ultra ကို ဧပြီလ ၁၈ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Leica က Tune လုပ်ထားတဲ့ ကင်မရာတွေ ပါလာမှာပါ။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ ကုမ္ပဏီက ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ကြိုတင် ပြောပြနေပြီး အခုတော့ Battery စွမ်းဆောင်ရည်အကြောင်းကို သတင်းပေးလာပါတယ်။ ကုမ္ပဏီက Xiaomi 13 Ultra မှာ Surge P2 နဲ့ Surge G1 Chip ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

Surge G1 Chip အကြောင်း မသိရသေးပေမယ့် Surge P2 ဟာ Xiaomi 12 Series မှာ ပါတဲ့ Surge P1 Chip ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ ကုမ္ပဏီက P1 ဟာ အပူ စီမံခန့်ခွဲမှုနဲ့ အားသွင်းနှုန်းကို ပိုကောင်းစေတယ်လို့ ပြောပါတယ်။

Teased Xiaomi 13 Ultra Accessory Could Transform the Smartphone Into a Real Camera - Gizmochina

အဲဒီ Chip အသစ်တွေဟာ ဖုန်း Battery ကို တိုးတက်စေမှာပါ။ Xiaomi က ဖုန်းရဲ့ Battery ဟာ ၁ ရာခိုင်နှုန်းပဲ ကျန်ရင်တောင် မိနစ် ၆၀ အသုံးခံတယ် သို့မဟုတ် ၁၂ မိနစ် ဖုန်းပြောနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် Emergency Battery Mode ကို ဖွင့်ထားမှသာ ဒီလို စွမ်းဆောင်နိုင်မှာပါ။

Xiaomi 13 Ultra ဟာ ကင်မရာ စွမ်းရည်မြင့်မားမယ်လို့ အတည်ပြုထားပါတယ်။ ၁ လက်မ Sony IMX989 50MP Main, 50MP Sony IMX858 Auxiliary အပါအဝင် အနောက်ကင်မရာ ၄ လုံး တပ်ဆင်ထားမှာပါ။ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Ref : gizmochina