Xiaomi ဟာ လာမယ့် ဒီဇင်လာလ ၁ ရက်နေ့မှာ Xiaomi 13 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Xiaomi 13 Series ဖုန်းတွေဟာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုလာမယ့်အပြင် တခြားသော Display ၊ Camera နဲ့ Design ပိုင်းမှာပါ အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။

အခုထွက်ရှိလာတဲ့သတင်းအရတော့ Xiaomi 13 ဖုန်းဟာ ယခင်ထက် ဘေးဘောင်တွေပိုမိုပါးလွှာမှာဖြစ်ပြီး လက်ရှိမှာ ဘေးဘောင်အပါးဆုံးသော Flagship ဖုန်းတစ်လုံးဖြစ်လာမယ်လို့ သိရပါတယ်။ ဒါကိုတော့ Xiaomi ရဲ့ CEO Lei Jun ကိုယ်တိုင် Weibo စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပြီး Xiaomi 13 ရဲ့ အပေါ်ဘက်နဲ့ ဘေးဘက်ဘောင်တွေဟာ 1.61mm ပဲအထူရှိမှာဖြစ်ပြီး အောက်ခြေဘောင်ကလည်း 1.81mm ပဲ အထူရှိမှာဖြစ်ပါတယ်။

ဒီလို ဘေးဘောင်တွေပါးလွှာတဲ့အတွက် Xiaomi 13 ဖုန်းဟာ Screen-to-Body Ratio အနေနဲ့ 93.3% အထိရှိမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Xiaomi 13 ရဲ့ အကျယ် (Width) ဟာ 71.5mm ပဲရှိမှာဖြစ်တဲ့အတွက် လက်တစ်ဖက်တည်းကိုင်သုံးဖို့လည်း အဆင်ပြေမယ်လို့ သိရပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Xiaomi 13 Series ဖုန်းတွေအကုန်လုံးဟာ IP68 Dust & Water Resistance Rating ပါဝင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် Xiaomi 13 Series ဖုန်းတွေအကုန်လုံးဟာ တခြားသော Flagship ဖုန်းတွေလိုမျိုးပဲ ရေစိုခံနိုင်သွားမှာဖြစ်ပါတယ်။

Xiaomi ဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ Xiaomi 13 Series ဖုန်းတွေနဲ့အတူ MIUI 14 Software Update အသစ်ကိုပါ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi 13 ဖုန်းတွေဟာ MIUI 14 ကို အသုံးပြုပြီး မိတ်ဆက်သွားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Gizmo China