Xiaomi 13T ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Guatemala ရဲ့ Unboxing Video ၁ ခု ထွက်ပေါ်လာပြီး Xiaomi 13T ဟာ Redmi K60 Ultra ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်တယ်ဆိုတာ သေချာသွားပါတယ်။

Here is the Xiaomi 13T in the wild

Xiaomi 13T ရဲ့ ဒီဇိုင်းဟာ Redmi K60 Ultra နဲ့ တူညီပြီး Redmi Logo အစား Xiaomi Logo ထည့်သွင်းထားပါတယ်။ အနောက်ဘက်က 50MP ကင်မရာမှာ Leica Branding မပါလာပါဘူး။

Xiaomi 13T အတွက် Black နဲ့ Mint or Green  အရောင်ထုတ်လုပ်ထားပါတယ်။ Redmi K60 Ultra ရဲ့ Specs တွေပဲ ပါလာမယ်ဆိုရင် 8MP Ultrawide, 50MP Main နဲ့ 2MP Macro ကင်မရာတွေ ပါလာမှာပါ။ အရှေ့ဘက်မှာ 20MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားမှာပါ။

The front of the Xiaomi 13T and its boxThe front of the Xiaomi 13T and its box

မျက်နှာပြင်က 6.67” 144Hz OLED 1220x2712p Resolution ဖြစ်ပြီး 120W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာမှာပါ။ Chipset က 4nm Dimensity 9200+ ဖြစ်နိုင်ပါတယ်။

Xiaomi 13T ရဲ့ ဘူး ဓါတ်ပုံလည်း ထွက်ပေါ်လာပေမယ့် အထဲမှာ ဘာတွေ ပါသလဲဆိုတာ မပြသထားပါဘူး။

Xiaomi 13T ကို စက်တင်ဘာလကုန်မှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena