Xiaomi က 13T Series ကို မကြာခင် ကြေညာနိုင်ပြီး အခုတော့ 13T Pro ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အဲဒီဖုန်းဟာ Redmi K60 Ultra နဲ့ အလွန်တူညီပေမယ့် ပေါက်ကြားသတင်းအရ ပိုကောင်းတဲ့ ကင်မရာတွေ ထည့်ထားမှာပါ။

အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး စတုရန်းပုံ ကင်မရာ Island ပါလာမှာပါ။ အနက်ရောင်ရဲ့ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အပြာရောင်မှာ သားရေ ဒီဇိုင်း ဖြစ်ပါတယ်။

မျက်နှာပြင်က တူညီတဲ့ 6.67” OLED 1220p ဖြစ်နိုင်ပြီး 144Hz Refresh Rate ပါလာနိုင်ပါတယ်။ Dimensity 9200+ Chipset ထည့်ထားမယ်လို့ ဒီလ အစောပိုင်းက Geekbench မှာ တွေ့ရပါတယ်။ အနောက် ကင်မရာတွေက Leica-branded ဖြစ်ပြီး 50MP Main Sony IMX707 Sensor, 50MP Telephoto (3x Optical Zoom) နဲ့ 13MP Ultrawide တွေ ပါလာနိုင်ပါတယ်။

အနောက်ဘက် ကင်မရာတွေ မတူညီပေမယ့် ဆဲလ်ဖီး ကင်မရာက Redmi K60 Ultra မှာလို 20MP ဖြစ်နိုင်ပါတယ်။ တခြား Specs တွေက တူညီနိုင်ပြီး IP68 ၊ 120W Fast Charging ပါတဲ့ 5,000mAh Battery တွေ ထည့်သွင်းထားမှာပါ။

Xiaomi က 13T နဲ့ 13T Pro ကို စက်တင်ဘာလ ၁ ရက်နေ့မှာ ကြေညာနိုင်ပြီး Lei Jun က IFA Berlin မှာ အဲဒီဖုန်းတွေကို မိတ်ဆက်နိုင်ပါတယ်။

Ref : gsmarena