Xiaomiui က IMEI Database မှာ အသစ် ဝင်ရောက်လာတဲ့ စမတ်ဖုန်း အသစ်တွေအကြောင်း သတင်းရရှိထားပါတယ်။ အဲဒီ စမတ်ဖုန်းတွေက Xiaomi 13T Pro နဲ့ သူ့ရဲ့ တရုတ် မော်ဒယ် Redmi K60 Ultra တို့ ဖြစ်ပါတယ်။ အဲဒီ Database မှာ ဖုန်းတွေရဲ့ မော်ဒယ်နံပါတ်တွေကို ဖော်ပြထားပြီး တရားဝင် ကြေညာဖို့ နီးစပ်နေပါပြီ။

Xiaomi 13T Pro surfaces online, could launch with Dimensity 9200 - GSMArena.com news

Xiaomi 13T Pro ရဲ့ မော်ဒယ်နံပါတ်က 23078PND5G နဲ့ Redmi K60 Ultra ရဲ့ မော်ဒယ်နံပါတ်က 23078RKD5C တို့ ဖြစ်ကြပါတယ်။ မော်ဒယ်နံပါတ်မှာ ပါတဲ့  “2307” ဂဏန်းက အဲဒီ စမတ်ဖုန်းတွေကို ဒီနှစ် ဇူလိုင်လထဲ ကြေညာမယ်ဆိုတာကို ညွှန်ပြနေပါတယ်။

Redmi K50 Ultra ကို အရင်နှစ် ဩဂုတ်လမှာ ကြေညာခဲ့တာ ဖြစ်ပြီး Redmi K60 Ultra ကိုတော့ ဒီထက်စောကာ ကြေညာနိုင်ပါတယ်။ နိုင်ငံတကာ မော်ဒယ် Xiaomi 13T Pro ကို တရုတ် မော်ဒယ် ကြေညာအပြီး ၁ လ၊ ၂ လလောက်မှာ ကြေညာနိုင်ပါတယ်။

MediaTek Dimensity 9200 Plus flagship mobile SoC refresh is on the way - NotebookCheck.net News

ပေါက်ကြားသတင်းတွေအရ Xiaomi 13T Pro နဲ့ Redmi K60 Ultra မှာ MediaTek ရဲ့ စွမ်းရည်မြင့် Dimensity 9200 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အရင်နှစ်ထုတ် မော်ဒယ်မှာ Snapdragon 8+ Gen 1 Chipset ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Ref : gsmarena