Xiaomi က 13T Pro ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပြီး တရုတ်မှာ ရောင်းချထားတဲ့ Redmi K60 Ultra ကို အမည်ပြောင်းထားတာလို့ ထင်ရပါတယ်။

6.67” AMOLED 1.5K မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Adaptive Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပြီး HDR10 နဲ့ Dolby Vision တွေ ပါပါတယ်။ အနောက်ဘက် Panel ရဲ့ ထောင့်တွေက ကွေးညွှတ်ပြီး ပရီမီယမ် အရသာကို ခံစားရမှာပါ။ IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပါတယ်။

Xiaomi 13T Pro ရဲ့ အနောက်ကင်မရာ ၃ လုံးဟာ Xiaomi 13T နဲ့ တူညီပါတယ်။ Leica ရဲ့ 50MP Main (OIS, EIS) ၊ 50MP Telephoto နဲ့ 12MP Ultrawide Angle ကင်မရာတွေ ဖြစ်ပြီး အရှေ့ဘက်မှာ 20MP ကင်မရာ တပ်ဆင်ထားပါတယ်။ 8K 24fps Video တွေကို ရိုက်ကူးနိုင်ပါတယ်။

xiaomi 13t pro inline Xiaomi 13T Pro

MediaTek Dimensity 9200+ Chipset မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပါတယ်။ 120W Fast Charging ပါတဲ့ 5,000mAh Battery တပ်ဆင်ထားပြီး အပူချိန်လျှော့ချပေးတဲ့ စနစ်ပါပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး OS Update ၄ နှစ်နဲ့ Security Update ၅ နှစ် ရရှိမှာပါ။

Xiaomi 13T Pro ရဲ့ 12GB+256GB ကို ၇၉၉ ယူရို သတ်မှတ်ထားပြီး 12GB+512GB နဲ့ 16GB+1TB Version တွေရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ Alpine Blue, Meadow Green နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref: gizmochina