Xiaomi က 13T ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပြီး ဒီဇိုင်းဟာ Redmi K60 Ultra နဲ့ တူပါတယ်။ 6.67” AMOLED 1.5K မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Adaptive Refresh Rate နဲ့ 2,600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ HDR10, HDR10+ နဲ့ Dolby Vision ပါလာပြီး မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

Xiaomi 13T arrives with triple Leica cameras, 13T Pro adds 120W charging

အနောက်ဘက်မှာ Leica ကင်မရာတွေ တပ်ဆင်ထားပြီး 50MP Wide Angle (OIS), 50MP Telephoto (2x Zoom) နဲ့ 12MP Ultrawide တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 20MP ကင်မရာ ပါလာပါတယ်။ Leica ရဲ့ အရောင် တိုးတက်စေတဲ့ လုပ်ဆောင်ချက် အပါအဝင် ကင်မရာ လုပ်ဆောင်ချက်များစွာ ထည့်ထားပါတယ်။ Settings မျိုးစုံကို ချိန်ညှိနိုင်တဲ့ Pro Mode လည်း ပါပါတယ်။

Xiaomi 13T arrives with triple Leica cameras, 13T Pro adds 120W charging

Xiaomi 13T မှာ MediaTek Dimensity 8200 Ultra Processor မောင်းနှင်ထားပြီး 67W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ 5000mm2  VC Stainless Steel Soaking Plate ပါတဲ့ အပူလျှော့ချပေးတဲ့ စနစ် ထည့်ထားပါတယ်။ Android 13 မောင်းနှင်ထားပြီး အဓိက OS Update ၄ ခုနဲ့ Security Patch ၅ နှစ်ရမှာပါ။

Xiaomi 13T ရဲ့ 8/256GB ကို ၆၄၉ ယူရိုသတ်မှတ်ထားပြီး 12/256GB ရဲ့ ဈေးနှုန်းကို မပြောသေးပါဘူး။ Alpine Blue, Meadow Green နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina