Xiaomi ဟာ ပြီးခဲ့တဲ့ ၁ ပတ်က တရုတ်မှာ Xiaomi 14 နဲ့ 14 Pro ကို ကြေညာခဲ့ပြီး Snapdragon 8 Gen 3 ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာပါတယ်။

အဲဒီ ဖုန်းတွေကို အောက်တိုဘာလ ၃၁ ရက်နေ့ တရုတ် စံတော်ချိန် ည ၈ နာရီမှာ စတင် ရောင်းချပေးခဲ့ပါတယ်။ ပထမအသုတ် ရောင်းချတဲ့အခါမှာ စံချိန်တင် ရောင်းအား ကောင်းတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။

Xiaomi ရဲ့ ဝီဘိုက ပို့စ်မှာ Xiaomi 14 Series ဟာ Tmall, Jingdong Mall, Douyin နဲ့ Kuaishou တို့လို တရုတ် နာမည်ကြီး အွန်လိုင်း စတိုးတွေမှာ  အရင်နှစ်ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပြီး ၄ နာရီအတွင်း ရောင်းကုန်သွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် Xiaomi က ရောင်းချခဲ့တဲ့ အလုံးရေကို မပြောပါဘူး။

Xiaomi China ရဲ့ ဥက္ကဌ Xiaoyan Wang က Xiaomi 14 Series ရဲ့ ဝယ်လိုအား အလွန်များတာကြောင့် Xiaomi Home အွန်လိုင်း စတိုးဟာ နည်းပညာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

Xiaomi 14 Series ရောင်းအား ကောင်းရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲမှာ ဒီဇိုင်း အလွန်လှပတာ၊ Snapdragon 8 Gen 3 ပါတာနဲ့ HyperOS အသစ် ထည့်သွင်းထားတာလို့ ပါဝင်ပါတယ်။

ဒါ့အပြင် အဲဒီဖုန်း ၂ လုံးမှာ Leica ရဲ့ Light Hunter 900 Main ကင်မရာနဲ့အတူ Leica Summilux Lens ထည့်သွင်းထားတဲ့အတွက် ဓါတ်ပုံ အရည်အသွေး အလွန် ကောင်းမွန်ပါတယ်။

Xiaomi 14 အတွက် မော်ဒယ် ၄ မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေက 8 GB RAM + 256 GB storage (~$530), 12 GB RAM + 256 GB storage (~$570), 16 GB RAM + 256 GB storage (~$610) နဲ့ 16 GB RAM + 256 GB storage (~$650) တို့ ဖြစ်ပါတယ်။

Xiaomi 14 Pro အတွက် မော်ဒယ် ၄ မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေက 12 GB RAM + 256 GB storage (~$650), 16 GB RAM + 256 GB storage (~$720), 16 GB RAM + 1 TB storage (~$780) နဲ့ တိုက်တေနီယမ် ဖရိမ်ပါတဲ့  16 GB RAM + 1 TB storage (~$840) တို့ ဖြစ်ပါတယ်။

Ref : gizmochina