Xiaomi က အိန္ဒိယမှာ 14 Civi ကို ကြေညာလိုက်ပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး ၁ လုံးက Wide Lens နဲ့ နောက် ၁ လုံးက Ultra Wide Lens ဖြစ်ပါတယ်။

4K 30fps Video နဲ့ Slow Motion Video ရိုက်ကူးနိုင်ပြီး Vlogger တွေအတွက် Teleprompter Mode ပါပါတယ်။ အနောက်ဘက်မှာ 50MP Main , 50MP Portrati နဲ့ 12MP Ultra Wide ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Xiaomi 14 Civi arrives in India with SD 8s Gen 3, quad-curved display and dual selfie cameras - GSMArena.com news

Snapdragon 8s Gen 3 Chipset  မောင်းနှင်ထားပြီး 12GB LPDDR5X RAM နဲ့ 512GB UFS 4.0 Storage အထိ ထည့်သွင်းထားပါတယ်။ အပူချိန် လျှော့ချပေးတဲ့ Vapor Chamber ပါပါတယ်။ Charge Cycle 1,600 ပြီးနောက်မှာ အနည်းဆုံး ၈၀ ရာခိုင်နှုန်း ပမာဏ ကျန်တဲ့ 4,700mAh Battery ထည့်သွင်းထားပြီး 67W Charging ထောက်ပံ့ထားပါတယ်။

Xiaomi 14 Civi arrives in India with SD 8s Gen 3, quad-curved display and dual selfie cameras

6.55” OLED Display တပ်ဆင်ထားပြီး လေးဘက်လေးတန် ကွေးညွှတ်နေပါတယ်။ Display ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။ LTPO Panel အမျိုးအစား ဖြစ်ပြီး 3,000 Nits Peak Brightness နဲ့ 1-120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Xiaomi 14 Civi arrives in India with SD 8s Gen 3, quad-curved display and dual selfie cameras

သတ္တုဖရိမ်နဲ့ တည်ဆောက်ထားပြီး Shadow Black နဲ့ Cruise Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ NFC နဲ့ IR Blaster ထည့်သွင်းထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာထည့်သွင်းထားပါတယ်။ 8/256GB ကို ၄၃,၀၀၀ ရူပီးနဲ့ 12/512GB ကို ၄၈,၀၀၀ ရူပီး သတ်မှတ်ထားပါတယ်။ ဒီလ ၂၀ ရက်နေ့ အိန္ဒိယမှာ ရောင်းချမှာပါ။

Ref : gsmarena