Xiaomi က တရုတ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ စွမ်းရည်မြင့် 14 နဲ့ 14 Pro ကို ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ Xiaomi 14 ရဲ့ Specs အပြည့်အစုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။
အခု သတင်းအချက်အလက်တွေဟာ တရုတ် လူမှုကွန်ရက် ဝီဘို ကနေ ထွက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဝီဘိုမှာ Spec Sheet အတုတွေ ထွက်ပေါ်ခဲ့ဖူးတဲ့အတွက် အခု သတင်းအချက်အလက်တွေဟာ ရာနှုန်းပြည့်မှန်ကန်မယ်လို့ မပြောနိုင်ပါဘူး။
ပေါက်ကြားလာတဲ့ သတင်းအရ Xiaomi 14 မှာ 6.44” Huaxing C8 OLED 1.5K မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Refresh Rate , 2800 Nits Peak Brightness , Dolby Vision နဲ့ DCI-P3 Color Gamut တို့ ထောက်ပံ့ထားမှာပါ။
Xiaomi 14 poster with full specifications emerges on Weibo
– 6.44-inch Huaxing C8 OLED display
1.5K 120Hz display, 2800nits brightness
12-bit colors, Dolby Vision, HDR10+, DCI-P3 color gamut,
– Snapdragon 8 Gen 3
– LPDDR5x RAM, UFS 4.0 enhanced version storage
– 4,600mAh… pic.twitter.com/3znd2hoVLL— Anvin (@ZionsAnvin) October 16, 2023
Snapdragon 8 Gen 3 ထည့်သွင်းထားမှာ ဖြစ်ပြီး Qualcomm က ဒီလ ၂၄ ရက်ကနေ ၂၆ ရက်အတွင်း ကျင်းပမယ့် ပွဲမှာ အဲဒီ Chip ကို ကြေညာမှာ ဖြစ်ပါတယ်။ Xiaomi ဟာ အဲဒီ Chip ကို အစောဆုံး အသုံးပြုတဲ့ ကုမ္ပဏီ ဖြစ်လာနိုင်ပါတယ်။
Xiaomi 14 မှာ LPDDR5X RAM နဲ့ UFS 4.0 Storage ပါလာနိုင်ပြီး 90W Wired , 50W Wireless ,10W Reverse Wireless Charging ထောက်ပံ့တဲ့ 4,600mAh Battery ထည့်ထားမှာပါ။ ကင်မရာ အကြောင်းပြောရရင် OIS ပါတဲ့ 50MP OmniVision OV50H Main , 50MP Ultrawide နဲ့ 50MP Telephoto တို့ ပါလာနိုင်ပါတယ်။
စတီရီယို စပီကာ ၂ လုံး၊ IR Blaster နဲ့ IP68 စံနှုန်းတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး အရွယ်ကြီး Vapor Chamber Cooling စနစ် ပါလာမှာပါ။
Ref : gsmarena