Xiaomi က 14 Series ကို ကြေညာလိုက်ပြီး Xiaomi 14 နဲ့ Xiaomi 14 Pro တို့ ပါလာပါတယ်။ Xiaomi 14 Pro က ပိုမို စွမ်းရည် မြင့်မားပြီး အနောက်ဘက်က စတုရန်းပုံ ကင်မရာ Module က ထူပါတယ်။ IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး မျက်နှာပြင်ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားပါတယ်။

မျက်နှာပြင်အကြောင်းပြောရရင် Xiaomi 14 Pro မှာ 6.7” OLED 12-bit မျက်နှာပြင် တပ်ဆင်ထားပြီး ဘေးဘက်တွေက ကွေးညွှတ်ပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေက ၁ မီလီမီတာပဲ ရှိတဲ့အတွက် အလွန်ပါးလွှာပါတယ်။ မျက်နှာပြင်က 2K Resolution ရှိပြီး 120Hz LTPO Refresh Rate နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထောက်ပံ့ထားပါတယ်။ စမတ်ဖုန်းတွေထဲမှာ အမြင့်ဆုံး ဖြစ်တဲ့ 3,000 Nits Peak Brightness ပါလာပြီး  Dolby Atmos စတီရီယို စပီကာ ၂ လုံး တပ်ဆင်ထားပါတယ်။

The Xiaomi 14 and 14 Pro are here with new design and main Leica cameras

Xiaomi 14 Pro မှာ နာမည်ကြီး ကင်မရာ ထုတ်လုပ်သူ Leica ရဲ့ နည်းပညာ ပါတဲ့ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ 23mm Focal Length ပါတဲ့ Hunter 900 50MP Main ၊ 14mm Focal Length ပါတဲ့ 50MP Ultrawide Angle နဲ့ 75mm Focal Length ပါတဲ့ 50MP Telephoto ကင်မရာတွေ ဖြစ်ပါတယ်။ Variable Aperture လုပ်ဆောင်ချက် ပါလာပြီး Main နဲ့ Telephoto ကင်မရာတွေမှာ OIS ထောက်ပံ့ထားပါတယ်။ ကင်မရာကို လျှင်မြန်စွာ ဖွင့်နိုင်ပြီး ၀.၈ စက္ကန့်အတွင်း ဓါတ်ပုံ ရိုက်နိုင်ပါတယ်။ 8K Video အထိ ရိုက်ကူးနိုင်ပါတယ်။ ဆဲလ်ဖီး အတွက် 32MP ကင်မရာ တပ်ဆင်ထားပါတယ်။

The Xiaomi 14 and 14 Pro are here with new design and main Leica cameras

Xiaomi 14 Pro မှာ Snapdragon 8 Gen 3 Processor မောင်းနှင်ထားပြီး 16GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။ အပူစုပ်ယူတဲ့ စနစ် ထည့်ထားပါတယ်။ 120W Fast Wired, 50W Wireless နဲ့ 10W Reverse Wireless Charging ပါတဲ့ 4,880mAh Battery တပ်ဆင်ထားပါတယ်။ Android 14 အခြေပြု  Xiaomi ရဲ့ အသစ်စက်စက် HyperOS မောင်းနှင်ထားပြီး ဒီဇိုင်းနဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။

WiFi 7, X-Axis Linear Motor , Bluetooth နဲ့ 5G ဆက်သွယ်မှုတွေ ထည့်သွင်းထားပါတယ်။

တန်ဖိုးအနည်းဆုံး 12GB+256GB ကို ၄,၉၉၉ ယွမ် (၆၈၃ ဒေါ်လာ)၊ 16GB+512GB ကို ၅,၄၉၉ ယွမ် (၇၅၁ ဒေါ်လာ)နဲ့ 16GB+1TB ကို ၅,၉၉၉ ယွမ် (၈၁၉ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ အဖြူ၊ အနက်နဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina