Xiaomi ဟာ Tmall Super Brand Day မှာ ယွမ် ၆၂၅ သန်း (ဒေါ်လာ ၈၇.၅ သန်း)ဖိုး စံချိန်တင် ရောင်းအား ကောင်းခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ Xiaomi လောက် ရောင်းအားကောင်းတဲ့ Brand မရှိသေးပါဘူး။ အောက်တိုဘာလနှောင်းပိုင်းက ကြေညာခဲ့တဲ့ Xiaomi 14 Series ကြောင့် ရောင်းအား အဓိကကောင်းခဲ့တာပါ။ တရုတ် ပြည်တွင်း စမတ်ဖုန်း ကုမ္ပဏီတွေထဲမှာ Xiaomi ဟာ ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။

Xiaomi Tmall 2023 Sales

Xiaomi 14 ဟာ စတင် ရောင်းချအပြီး ၁၀ ရက်အကြာမှာ အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး ပျမ်းမျှအားဖြင့် နေ့စဉ် အလုံးရေ ၁၀၀,၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။ Xiaomi 14 Series ဟာ စတင် ရောင်းချအပြီး ၄ နာရီအကြာမှာ Tmall, JD.com, Douyin နဲ့ Kuaishou အပါအဝင် အွန်လိုင်းစတိုးတွေမှာ ရောင်းကုန်သွားခဲ့ပါတယ်။

Xiaomi Tmall sell record

Xiaomi 14 Pro Titanium Edition ဟာလည်း ရောင်းအားကောင်းခဲ့ပြီး စတင် ရောင်းချအပြီး စက္ကန့်ပိုင်းအတွင်း ရောင်းကုန်သွားခဲ့ပါတယ်။ အဲဒီ အထူးထုတ် ဖုန်းကို လူတွေ အလွန် စိတ်ဝင်စားတယ်ဆိုတာ ပြသနေပါတယ်။

Xiaomi Tmall sell record

Xiaomi 14 Series ရောင်းအား ကောင်းရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲမှာ ဒီဇိုင်း အလွန်လှပတာ၊ Snapdragon 8 Gen 3 ပါတာနဲ့ HyperOS အသစ် ထည့်သွင်းထားတာလို့ ပါဝင်ပါတယ်။ဒါ့အပြင် အဲဒီဖုန်း ၂ လုံးမှာ Leica ရဲ့ Light Hunter 900 Main ကင်မရာနဲ့အတူ Leica Summilux Lens ထည့်သွင်းထားတဲ့အတွက် ဓါတ်ပုံ အရည်အသွေး အလွန် ကောင်းမွန်ပါတယ်။

Xiaomi 14 အတွက် မော်ဒယ် ၄ မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေက 8 GB RAM + 256 GB storage (~$530), 12 GB RAM + 256 GB storage (~$570), 16 GB RAM + 256 GB storage (~$610) နဲ့ 16 GB RAM + 256 GB storage (~$650) တို့ ဖြစ်ပါတယ်။

Xiaomi 14 Pro အတွက် မော်ဒယ် ၄ မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေက 12 GB RAM + 256 GB storage (~$650), 16 GB RAM + 256 GB storage (~$720), 16 GB RAM + 1 TB storage (~$780) နဲ့ တိုက်တေနီယမ် ဖရိမ်ပါတဲ့  16 GB RAM + 1 TB storage (~$840) တို့ ဖြစ်ပါတယ်။

Ref : gizmochina