Xiaomi က စွမ်းရည်မြင့် 15 ကို ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ သမိုင်းမှာ စွမ်းရည်အမြင့်ဆုံး Standard Edition ဖြစ်ပါတယ်။ စွမ်းရည်မြင့် Specs နဲ့ သေးငယ် ပရီမီယမ် ကျတဲ့ ဒီဇိုင်းကို ပေါင်းစပ်ထားပါတယ်။
Xiaomi 15 မှာ ကျစ်လစ်တဲ့ 6.36” Flat OLED Display ကို သုံးထားပြီး ၁.၃၈ မီလီမီတာပဲရှိတဲ့ ဘေးဘောင်တွေက အလွန်ပါးလွှာပါတယ်။ 2670x1200p Resolution , 1-120Hz LTPO Variable Refresh Rate , 3200 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Xiaomi 14 ထက် အောက်ပြုတ်ကျတဲ့ ဒဏ်ကို ၁၀ ဆ ပိုခံနိုင်တဲ့ Xiaomi ရဲ့ Dragon Crystal Glass ပါလာပါတယ်။
နောက်ဆုံးထုတ် Qualcomm Snapdragon 8 Elite မောင်းနှင်ထားပြီး Snapdragon 8 Gen 3 ထက် Single Core နဲ့ Multi-core စွမ်းရည် ၄၅ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ Xiaomi HyperCore ကြောင့် App တွေကို ၄၅.၇ ရာခိုင်နှုန်း ပိုမြန်စွာ ဖွင့်နိုင်ပါတယ်။
Xiaomi 15 မှာ Android အခြေပြု HyperOS 2 မောင်းနှင်ထားပြီး ချောမွတ် မြန်ဆန်အောင် ဖန်တီးထားပါတယ်။ အပူချိန်ထိန်းချုပ်တာနဲ့ System Performance ပိုကောင်းစေတဲ့ Optimization များစွာ ထည့်သွင်းထားပါတယ်။
Leica နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ Summilux 50MP ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Main Light Fusion 900 Sensor , 50MP Ultrawide , 50MP Telephoto တို့ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 32MP OmniVision OV32B40 ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။
90W Wired , 50W Wireless Fast Charging ထောက်ပံ့တဲ့ 5,400mAh Battery ပါလာပြီး 30W Magnetic Wireless Charging လည်း ထည့်သွင်းထားပါတယ်။ ရေစိုတဲ့လက်နဲ့တောင် သုံးလို့ရတဲ့ Ultrasonic Fingerprint Recognition ပါလာပါတယ်။ IP68 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး NFC နဲ့ Infrared Remote Control ပါပါတယ်။
Lilac Purple, Light Grass Green, Black နဲ့ White အရောင် ထုတ်လုပ်ထားပြီး Xiaomi Mi 6 ဒီဇိုင်းနဲ့ တူတဲ့ Bright Silver Edition လည်း ပါပါတယ်။
12/256GB ကို ၆၃၀ ဒေါ်လာနဲ့ 16GB/1TB ကို ၇၇၀ ဒေါ်လာ သတ်မှတ်ထားပြီး Bright Silver Edition ဟာ Standard Edition ထက် ၂၈ ဒေါ်လာ ပိုများပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၂၈ သန်းဝန်းကျင်ကျသင့်ပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၃၁ ရက်နေ့မှာ ရောင်းချမှာပါ။
Ref : gizmochina