နာမည်ကြီး Leakster Digital Chat Station က Xiaomi 15 Pro မှာ Periscope Zoom ကင်မရာ ပါလာနိုင်တယ်လို့ ပြောပါတယ်။ အဒီ ကင်မရာကို Xiaomi က Ultra ဖုန်းတွေမှာပဲ ထည့်သွင်းပေးလေ့ရှိပြီး အခုတော့ Pro မှာပါပါလာနိုင်ပါတယ်။

Xiaomi 15 Pro might have a periscope zoom camera - GSMArena.com news

Xiaomi 15 နဲ့ 15 Pro ဟာ Snapdragon 8 Gen 4 SoC ပါတဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်မယ်လို့ သတင်းထွက်နေပြီး အောက်တိုဘာလလယ်မှာ ကြေညာနိုင်ပါတယ်။

Xiaomi 15 Pro Could Launch with Some Serious Camera Hardware

Xiaomi 15 Pro ရဲ့ ကင်မရာ Module ဒီဇိုင်းဟာ လေးထောင့် ဖြစ်ပြီး ထောင့်စွန်းတွေက လုံးဝန်းမှာ ဖြစ်ပါတယ်။ ဖုန်း အနောက်ဘက် ဘယ်ဘက်အထက်နားမှာ ထည့်သွင်းထားမှာပါ။ Xiaomi 14 Pro နဲ့ ဒီဇိုင်းတော်တော် ဆင်တူမှာပါ။ တစ်ခုထဲသော ကွာခြားချက်က LED Flash Array ဖြစ်ပြီး ကင်မရာ Island ရဲ့ အပြင်ဘက်ကို ထုတ်ထားမှာပါ။ ဒါဟာ Periscope ကင်မရာအတွက် နေရာပိုပေးချင်လို့ ဖြစ်နိုင်ပါတယ်။

Xiaomi 15 Pro ရဲ့ ကင်မရာ အားလုံးဟာ 50MP Resolution ရှိမယ်လို့ ပြောကြပါတယ်။ Xiaomi 15 နဲ့ 15 Pro မှာ Ultrasonic Fingerprint Sensor ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena