Xiaomi ဟာ Snapdragon 8 Gen 4 ပါတဲ့ ပထမဆုံးဖုန်းကို ရောင်းချဖို့ Qualcomm နဲ့ သဘောတူညီထားတယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Digital Chat Station က SD 8 Gen 4 ပါတဲ့ Xiaomi 15 ကို အောက်တိုဘာလလယ်မှာ ကြေညာမယ်လို့ သတင်းပေးလာပါတယ်။ အဲဒီ Chip ကို Xiaomi 15 နဲ့ 15 Pro မှ ထည့်သွင်းထားနိုင်ပါတယ်။

Xiaomi 15 Could Be the First Phone Powered by Snapdragon 8 Gen 4 - Smartprix

Xiaomi 14 ကို အရင်နှစ် အောက်တိုဘာလ ၂၆ ရက်က ကြေညာခဲ့ပြီး အခုသတင်းအရ Xiaomi 15 ကို အဲဒီအချိန်ထက် ၁ ပတ် ၊ ၂ ပတ် စောကာ ကြေညာနိုင်ပါတယ်။

First Snapdragon 8 Gen 4 Powered Device Could Launch in October

Xiaomi 15 ကို တရုတ် ဈေးကွက်အတွက်ပဲ အရင် ကြေညာနိုင်ပြီး နိုင်ငံတကာအတွက် နောက်ကျမှ မိတ်ဆက်နိုင်ပါတယ်။ Xiaomi ဟာ စွမ်းရည်မြင့် ဖုန်းတွေကို အဲဒီ အစဉ်အလာအတိုင်း ကြေညာနေတာ နှစ်အနည်းငယ်ကြာနေပါပြီ။ Xiaomi 14 ကို ဒီနှစ် ဖေဖော်ဝါရီလ MWC ကျမှ နိုင်ငံတကာအတွက် ကြေညာခဲ့ပါတယ်။

Snapdragon 8 Gen 4 ဟာ Geekbench မှာ Single-core ရမှတ် ၂,၇၀၀ နဲ့ Multi-core ရမှတ် ၁၀,၀၀၀ ရထားပါတယ်။ CPU မှာ 3.6 to 4 GHz Clock Speed ရှိတဲ့ အရွယ်ကြီး Core ၂ လုံး တပ်ဆင်ထားမှာပါ။

Ref : gsmarena