အောက်တိုဘာလမှာ ဖုန်းများစွာကို ကြေညာဖို့ ရှိနေပါတယ်။ စွမ်းရည်မြင့် vivo X200 ကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး အခုတော့ နာမည်ကြီး ဖုန်း ကုမ္ပဏီ ၂ ခုကလည်း စွမ်းရည်မြင့် ဖုန်းတွေကို ဒီလထဲမှာ မိတ်ဆက်မယ်လို့ သတင်းထွက်လာပါတယ်။

တိကျမှန်ကန်တဲ့ Leakster တစ်ယောက်က Xiaomi 15 Series ကို ဒီလ ၂၀ ရက်နေ့နဲ့ Honor  Magic 7 Series ကို ဒီလ ၃၀ ရက်နေ့ ကြေညာမယ်လို့ ပြောပါတယ်။

Xiaomi 15 Ultra to get a global launch, Xiaomi confirms - NotebookCheck.net  News

အဲဒီဖုန်း အားလုံးမှာ Snapdragon 8 Gen 4 နဲ့ Dimensity 9400 Chipset တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Qualcomm နဲ့ MediaTek တို့ဟာ စွမ်းရည်မြင့် SoC တွေကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အဲဒီနောက်မှာ ဖုန်း ကုမ္ပဏီတွေက အဲဒီ Chip တွေ ပါတဲ့ ဖုန်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။

Xiaomi 15 Series to Launch Sooner, Production Starts in September

တရုတ်မှာ အကြီးမားဆုံး ဈေးရောင်းပွဲ တော် ဖြစ်တဲ့ Singles’ Day ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် တရုတ်မှ ဖုန်း ကုမ္ပဏီတွေဟာ အောက်တိုဘာလမှာ ဖုန်း အသစ်တွေကို ကြေညာမှာ ဖြစ်ပါတယ်။

Vivo ဟာ X200 Pro mini အသစ်ကို ကြေညာနိုင်ပြီး Xiaomi ဟာ 15 Ultra မှာ 200MP Periscope Telephoto ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။

Ref : gsmarena