Xiaomi က ဖေဖော်ဝါရီလမှာ 14 Ultra ကို ကြေညာခဲ့ပြီး 15 Ultra ကို နောက်နှစ် အဲဒီလထဲမှာပဲ မိတ်ဆက်နိုင်ပါတယ်။ Xiaomi က 15 Ultra ရဲ့ သတင်းကို ဘာမှ မပြောသေးပေမယ့် Tipster Ice Universe က အဲဒီ စမတ်ဖုန်းမှာ 200MP Telephoto ကင်မရာ ၁ လုံး တပ်ဆင်ထားမယ်လို့ ပြောပါတယ်။

Xiaomi 14 Ultra launched in China with Leica-branded camera, aims to be the  best camera phone - India Today

Ice Universe က 200MP ကင်မရာမှာ 4x Zoom ပါလာမှာ ဖြစ်ပြီး အဲဒါဟာ Periscope Telephoto ကင်မရာ ဖြစ်နိုင်ပါတယ်။

Xiaomi 14 ULTRA - 12GB/256GB

Xiaomi 14 Ultra မှာ 50MP Telephoto နဲ့ 50MP Periscope Telephoto ကင်မရာတွေ တပ်ဆင်ထားပြီး 3.2x နဲ့ 5x Optical Zoom အသီးသီး ထည့်သွင်းထားပါတယ်။ အဲဒီ ဖုန်းမှာ Snapdragon 8 Gen 3 SoC မောင်းနှင်ထားပြီး 15 Ultra မှာ Snapdragon 8 Gen 4 SoC ထည့်သွင်းထားနိုင်ပါတယ်။ အဲဒီ Chipset ကို အောက်တိုဘာလမှာ ကြေညာမှာ ဖြစ်ပါတယ်။

Xiaomi 15 Ultra ဟာ စွမ်းရည်မြင့် စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပြီး အမိုက်စား Features တွေ ထည့်သွင်းထားမှာ သေချာပါတယ်။

Ref : gsmarena