Black Shark ဆိုတာနဲ့ Xiaomi ရဲ့ ဂိမ်းမင်းစမတ်ဖုန်းအဖြစ် လူသိများပါတယ်။ Xiaomi ဟာ မျိုးဆက်သစ် Black Shark 4 ဂိမ်းမင်းဖုန်းကို နှစ်ဦးပိုင်းမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဇန်နဝါရီလရဲ့ တတိယပတ်ကစပြီး Black Shark 4 အတွက် Teaser တွေစတင်ထုတ်လွှတ်နေခဲ့ပါတယ်။

အခုတော့ Black Shark 4 ကို Google Play Console မှာပါတွေ့မြင်လာရပြီဖြစ်တဲ့အတွက် တရားဝင်မိတ်ဆက်မယ့်အချိန်ဟာ သိပ်မဝေးတော့ဘူးလို့ ဆိုနိုင်ပါတယ်။ Google Play Console ကနေပြီးတော့လည်း ဒီဟန်းဆက်ရဲ့ Key specs အချို့ကို သိခွင့်ရပြီး ထပ်မံအတည်ပြုနိုင်ခဲ့ပြန်ပါသေးတယ်။

Black Shark 4 ဟာ ကုဒ်နာမည် “Kaiser” (ဂျာမန်ဘာသာစကားနဲ့ Emperor လို့ အဓိပ္ပါယ်ရ) နဲ့ဖြစ်ပြီး 8GB of RAM နဲ့ Android 11 မောင်းနှင်ထားတာလည်း တွေ့ရပါတယ်။ နောက်ထပ်သိရတဲ့အချက်အလက်တွေအဖြစ် Black Shark 4 ဟာ Full HD+ resolution မျက်နှာပြင်ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အံ့အားသင့်စရာကောင်းတာက Chipset အဖြစ် Qualcomm SDM835 ကို အသုံးပြုထားတယ်လို့ ပြသထားတာပါပဲ။

Xiaomi Black Shark 4 ကို AnTuTu မှာတွေ့မြင်ရတာက ရမှတ်ဟာ ၈ သိန်းနီးပါးနဲ့ ဖြစ်ပါတယ်။ ကနဦးသတင်းတွေအရ Snapdragon 888 သုံးထားတယ်လို့ ဖော်ပြခဲ့ပေမယ့် တရားဝင်အထောက်အထားကို ပြသနိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။ Black Shark 4 ဟာ 4,500mAh ဘက်ထရီနဲ့ 120W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ထားမှာဖြစ်ပြီး ၁၅ မိနစ်အတွင်း ၁၀၀% အားသွင်းနိုင်မယ်လို့ သိရပါတယ်။

Ref: GSM Arena